ကြံခင်းမြို့၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရှင်းလင်းခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရှင်းလင်းခြင်း အခမ်းအနားကျင်းပ





ကြံခင်း၊ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားကို မြန်အောင်ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တို့က အဖွင့်အမှာစကားပြောကြားရာ တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူများအား နည်းဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် တရားမျှတပြီး အဂတိကင်းရှင်းရေး အလေးထား​ဆောင်ရွက်ကြရန် ပြောကြားပြီး၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့စစ်မှု ထမ်းနည်းဥပဒေ စာအုပ်များကိုပေးအပ်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကိုယ်စား မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကွင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးရဲနိုင်က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အဆိုပါ နည်းဥပဒေများတွင် အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ် ပေါင်း (၅၉) ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၁၂)ခုဖြင့် ဖော်ပြထားပြီး အခန်း(၁)တွင် အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၄)တွင် စာရင်းပြုစုခြင်းနှင့်မှတ်ပုံတင်ခြင်း၊ အခန်း(၅)တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း(၆) တွင် အမိန့်စာဆင့်ခေါ်ခြင်း၊ အခန်း (၇)တွင် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၈)တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း(၉)တွင် စစ်စည်းရုံးခြင်း၊ အခန်း(၁၀)တွင် အထွေထွေတို့ပါရှိကြောင်း power point ဖြင့် ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားကို ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာစာရေး များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)