နေပြည်တော်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထောင်ထားသော မိုင်းကို နင်းမိ၍ ကလေးငယ် ၂ ဦး သေဆုံးကာ ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ အုပ်ဖိုမြို့နယ်၊ စင်မြင့်ရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသဖြင့် နေအိမ်များပျက်စီးခဲ့ကြောင်း မဟုတ်မမှန်ရေးသားဖြန့် ဝေလျက်ရှိကြောင်းတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ အဆိုပါ သတင်းမှာမှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူများသွား လာနေထိုင် အသုံးပြုလျက်ရှိသည့် လမ်းတံတားများ၊ အဆောက်အဦများတွင် မိုင်းထောင် ဖောက်ခွဲခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကသာ ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်း များကို နေ့မနား၊ ညမအားဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းများကို မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများ အနေဖြင့် အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ် ၍ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment