ငွေဆောင်မြို့၊ သဇင်ကျေးရွာတွင် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငွေဆောင်မြို့၊ သဇင်ကျေးရွာတွင် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်





ငွေဆောင်၊ ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ သဇင်ကျေးရွာမြောက်ပိုင်း၊ ခါတော်မှီကျောင်းတိုက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာမှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများပေးခြင်း​ဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ပံ့ပိုးငွေများပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေးနှင့် စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေးတို့အတွက် ဆောင်ရွက်ထားပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူးမျိုးဇေမြင့်၊ ငွေဆောင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးသက်ခိုင်နှင့် ငွေဆောင်မြို့ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံတို့မှ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်ပက်သက်၍ ပြည်သူများသိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက်မြို့အုပ်ချုပ်ရေးမှူးမှ ယာယီနေရပ်စွန့်ခွာပြည်သူများထဲမှ တိုင်းပြင်ပမှဝင်ရောက်လာသူများကို တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှင့် တိုင်းအတွင်းမှဝင်ရောက်လာသူများကို ဆန်(၂)ပြည်နှင့် ငွေကျပ်(၂၀၀၀၀)နှုန်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


R – 014 (ငွေဆောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)