ကန့်ဘလူမြို့၌ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်းများ ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့၌ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသခြင်းများ ဆောင်ရွက်ပေး




ကန့်ဘလူ၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရဟန်းရှင်လူပြည်သူများအား အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်ဆင်းဆောင်ရွက်ခြင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ကန့်ဘလူမြို့ မြို့တော်ခန်းမ(စည်ပင်သာယာခန်းမ)တွင် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသော ရဟန်းရှင်လူပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သောက်ရေသန့်နှင့်အာဟာရမှုန့်များ ဝေငှပေးသည်။ ယင်းနောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မြင့်ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေးဝန်ထမ်းများက မျက်စိ၊ ကလေး၊ သားဖွားမီးယပ်၊ အထွေထွေရောဂါကုဌာနနေရာများအလိုက် စမ်းသပ်စစ်ဆေးကုသနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပရဟိတအဖွဲ့များမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသော ပြည်သူများအား စနစ်တကျနှင့်အလွယ်တကူပြသနိုင်ရေး၊ အရိပ်ရမိုးကာတဲများ ထပ်မံဆောင်ရွက်ပေးရန်နှင့်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့်အထူးကု ကွင်းဆင်းကုသခြင်းများကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ ရက်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)