ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၇)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၇)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်




မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးမှူး၍ မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့က ကြီးမှူးကျင်းပသော(၂၇)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ယခုလ ၁၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ ဝတ်အသင်းအဖွဲ့များ တက်ရောက် ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုလို အလွန် အကျိုးကျေးဇူးများလှသည့် ဗုဒ္ဓဒေသနာတော် အကောင်းဆုံးရွတ်ဆိုပူဇော်ပွဲကို  ကာလအစဉ်အဆက် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်သည့် နည်းတူ နောက်နောင်ကာလများတွင်လည်း ကောင်းမြတ်သောအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က အတတ်နိုင်ဆုံး ပံ့ပိုးကူညီအားပေးသွားမည်ဖြစ်ပါကြောင်း ဝမ်းမြောက်စကားပြောကြားပြီး မြို့နယ် ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်းက ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်ပွဲများ ကျင်းပပြု လုပ်နိုင်ခဲ့မှု အခြေအနေများ၊ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ယခု (၂၇)ကြိမ်မြောက် အဖြစ် ပြိုင်ပွဲဝင် ဝတ်အသင်းများမှ အကောင်းဆုံး ရွေးချယ် ဆုချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် (၂၇)ကြိမ်မြောက် ရွတ်ဖတ်ပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည့် ရပ်ကွက်/ ကျေးရွာများမှ အမျိုးသားဝတ်အသင်း (၂)သင်း၊ အမျိုးသမီးဝတ်အသင်း (၁၅)သင်း စုစုပေါင်းဝတ်အသင်း (၁၇)သင်းမှ ဂုဏ်ပြုဆုရရှိသော ဝတ်အသင်းများကို ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက တတိယဆုရ ဝတ်အသင်းအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသော ဝတ်အသင်းအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အထူးဂုဏ်ပြုဆုရရှိသော ဝတ်အသင်းနှင့် ပထမဆုရရှိသော ခေမာသီရိရပ်ကွက် ဝတ်အသင်းများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)