နာတာရှည်ခါးနားမှုအတွက် ကျောရိုးကို ဆေးထိုးတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေ သတိပေးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာတာရှည်ခါးနားမှုအတွက် ကျောရိုးကို ဆေးထိုးတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေ သတိပေးထား





ဖေဖော်ဝါရီ - ၂၃ ( စနေနေ့ ) 

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ လေ့လာမှုတစ်ခုအရ နာတာရှည် ခါးနာခြင်းအတွက် ကျောရိုးကို ထိုးဆေးထိုးခြင်း မလုပ်ကြဖို့  တိတိကျကျ အကြံပြုထားပါတယ်။ ကနေဒါ၊ အမေရိကန် နဲ့ ဩစတေးလျှက သုတွေသီတွေနဲ့ လူနာတွေပါဝင်တဲ့ ဗြိတိန်ဆေးပညာဂျာနယ်က လုပ်တဲ့ သုတေသနလုပ်ငန်းတွေကနေ အဲ့ဒိရလဒ်ကို သိခဲ့ရပါတယ်။ 

ကင်ဆာရောဂါကြောင့် ခါးနားခြင်း၊ ရောဂါပိုးဝင်လို့ခါးနာခြင်းနဲ့ အဆစ်ရောင်ရမ်းလို့ ခါးနာခြင်းကလွဲပြီး နာတာရှည် ခါးနာဝေဒနာကို ခံစားနေရသူများအတွက် epidural steroid ထိုးခြင်းနှင့် အာရုံကြောပိတ်ဆို့ခြင်း တို့ကို မလုပ်သင့်ကြောင်း ကြောင်းကို ကောက်ချက်ချထားပါတယ်။

နာတာရှည် ခါးနာခြင်းသည် ကမ္ဘာတစ်ဝှမ်းတွင် မသန်စွမ်းမှု၏ အဓိက အကြောင်းရင်းဖြစ်ပြီး အသက် ၂၀ နှင့် ၅၉ နှစ်ကြား အရွယ်ရောက်ပြီးသူ ငါးဦးတွင် တစ်ဦးခန့် ဖြစ်ပွားကာ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အဖြစ်လွယ်သော ရောဂါဖြစ်ပါတယ်။ 

လူနာအများအပြားသည် epidural steroid ထိုးခြင်း၊ အာရုံကြောပိတ်ဆို့ခြင်းနှင့် ဦးနှောက်သို့ နာကျင်မှု အချက်ပြမှုများကို ပိတ်ဆို့ရန် ဒီဇိုင်းထုတ်ထားသည့် နည်းစနစ်များနဲ့ ခါးနာသက်သာအောင် လုပ်ကြပါတယ်။ ရှိပြီးသား ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များသည် အဲ့ဒိ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ၎င်းတို့၏ အကြံပြုချက်များ ကလည်း တစ်ခုနဲ့ တစ်ခုကွဲလွဲမှုတွေ ဖြစ်နေပါတယ်။ အဲ့ဒိနည်းတွေကိုသုံးတာက အနာတခြား ဆေးတခြားဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။ 

လေ့လာမှုက အဲ့ဒိကုသမှုတွေက လူနာတွေကို ငွေကုန် လူပန်းဖြစ်စေတာပဲလို့ ဆိုထားပြီး အခြားသော နည်လမ်းတွေနဲ့ ကုသဖို့ရယ် ပိုကောင်းတဲ့ စနစ်တွေကို ရှာဖွေကြဖို့ ကျန်းမာရေးဝန်ထမ်းတွေကို အကြံပြုထားပါတယ်။

 

REF - Health dialogues

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)