NUG, PDF အကြမ်းဖက်အဖွဲ့မှ ဘာသာရေးခေါင်းဆောင်များအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG, PDF အကြမ်းဖက်အဖွဲ့မှ ဘာသာရေးခေါင်းဆောင်များအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်


 

NUG, PDF အကြမ်းဖက်အဖွဲ့မှ ဘာသာရေးခေါင်းဆောင်များအား

ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်


ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် တပိုတွဲလဆုတ် (၁၁) ရက်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက် တနဂ်နွေနေ့

စာအမှတ် ။ ။ ၁၅/မ မ ရ သ/ ၂၀၂၅ 


၁။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်၊ ကံကြီးတောကျေးရွာ၌ ခရစ်ယာန် ဘာသာရေးဆရာဖြစ်သူ ဖာသာရ်မာတင်ဒေါနယ်ကို PDF အကြမ်းဖက်အဖွဲ့မှ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးပြီး  ရွာအပြင်၌ ဓါးဖြင့် အပိုင်းပိုင်း ပြုလုပ်ပြီး သတ်ဖြတ်ခဲ့သည်။  ယင်းသတင်းကို ကြားသိရသည့်အတွက် များစွာစိတ်မကောင်း ဖြစ်ရပါသည်။

၂။ NUG, PDF အကြမ်းဖက်အဖွဲ့တို့က ဗုဒ္ဓဘာသာ ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၁၀၀) ကျော်နှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဖာသာရ်မာတင်ဒေါနယ်တို့ကို သတ်ဖြတ်ခြင်းသည် ဘာသာရေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

၃။ PDF အကြမ်းဖက်အဖွဲ့က ဘာသာရေးခေါင်းဆောင်အား သတ်ဖြတ်မှုနှင့်  ပတ်သက်ပြီး တရား မျှတမှု ဖော်ဆောင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဘာသာရေးဆရာကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက  တောင်းဆိုထားပါသည်။ ယင်းတောင်းဆိုမှုကို မျိုးချစ်မြန်မာရ ဟန်းတော်များသမဂ္ဂ(ရန်ကုန်) အနေဖြင့် အပြည့်အဝ ထောက်ခံအပ်ပါသည်။

၄။ ဘာသာရေးခေါင်းဆောင်များကို ရက်ရက်စက်စက် သတ်ဖြတ်နေသော NUG, PDF အကြမ်း ဖက် အဖွဲ့အစည်းအားလုံးကို မြန်မာနိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံးက စက်ဆုပ်ရွံရှာမုန်းတီးလျက် ရှိပါသည်။ ထို့ကြောင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) အနေဖြင့် NUG,  PDF အဖွဲ့ တို့အား  ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန် လိုက်သည်။ 


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)