ဖေဖော်ဝါရီ - ၈ ( စနေနေ့ )
အမေရိကန်အခွန်ထမ်းတွေရဲ့ငွေ ဒေါ်လာ ၁၀ သန်းခန့်ကို “လိင်ပြောင်းဓာတ်ခွဲခန်းကြွက်များ” စမ်းသပ်မှုများတွင် ယမန်နှစ်ကအသုံးပြုခဲ့တယ်လို့ ရီပတ်ဘလီကန်အမတ် နန်စီမေ့စ် ကပြောလိုက်ပါတယ်။ အခွန်ထမ်းများ၏ ငွေကြေးများကို သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာကို ဥပမာတစ်ခုအနေနဲ့ ပြောတာဖြစ်ကြောင်း သူမကဆိုခဲ့ပါတယ်။
ကြာသပတေးနေ့တွင် အောက်လွှတ်တော် ပြန်လည်သုံးသပ်မှုကော်မတီတွင် ‘လိင်ပြောင်းဓာတ်ခွဲခန်း ကြွက်များနှင့် အဆိပ်သင့်ခွေးပေါက်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးသုံးသပ်မှုများကို ပြုလုပ်ရာတွင် တိရစ္ဆာန်များကို မလိုအပ်ဘဲ ညှင်းပန်းနှိပ်စက်တယ်ဆိုပြီး မေ့စ်က ပြောကြားခဲ့ပါတယ်။ အဆိုပါ ကြားနာမှုတွင် တိရစ္ဆာန်စမ်းသပ်မှု ပရောဂျက်များကို ဖော်ထုတ်ပြသသည့် White Coat Waste Project ၏ ကိုယ်စားလှယ်တစ်ဦးမှ သက်သေထွက်ဆိုခဲ့ပါတယ်။
"ဖက်ဒရယ်အစိုးရက လိင်ပြောင်းတိရစ္ဆာန်များဖန်တီးရန် အခွန်ထမ်းဒေါ်လာများကို အဘယ်ကြောင့် သုံးစွဲနေရသနည်း။" မေးခွန်းထုတ်ခဲ့ပြီး ဘိုင်ဒန်အုပ်ချုပ်စဉ်အတွင်း ဖက်ဒရယ်အစိုးရက တည်ထောင်ခဲ့သည့် မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှုမြှင့်တင်မှု (DEI)ဌာန နဲ့ ပတ်သက်တဲ့ မေးခွန်းများကိုလည်း မေးခဲ့ပါတယ်။
သမ္မတဟောင်း ဘိုင်ဒန်လက်ထက်တွင် တိရိစ္ဆာန်များကို နာကျင်စေတဲ့ ခွဲစိတ်မှုတွေလုပ်ပြီး လိင်ပြောင်းတဲ့ နည်းပညာတွေကို လေ့လာခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒိကိစ္စက ပြည်သူ့အခွန်ငွေတွေကို ဖြုန်းပစ်နေတာ ဖြစ်ကြောင်း၊ ခွဲစိတ်မှုလုပ်တဲ့နေရာမှာ ဟိုမုန်းစမ်းသက်ချက်တွေပါကြောင်း၊ အဲ့ဒါက တိရစ္ဆာန်တွေကို အတင်းအကြပ်သေစေကြောင်း၊ အဲ့ဒါကိုလုပ်ဖို့ တက္ကသိုလ်တွေကို ထောက်ပံ့ကြေးတွေပေးခဲ့ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အစွန်းရောက်ဝါဒကို ကျင့်သုံးနေတယ်လို့ ယူဆကြောင်း၊ White Coat Waste Project ၏ တွက်ချက်မှုများအရ အမျိုးသားကျန်းမာရေးဌနက ဘိုင်ဒန်အစိုးရလက်ထက်အတွင်း အနည်းဆုံးကန်ဒေါ်လာ သန်း ၂၄၀ သုံးစွဲခဲ့ပြီး လက်ရှိလုပ်ဆောင်နေသော ပရောဂျက်များတွင် ဒေါ်လာ ၂၆ သန်းအပါအဝင် "လိင်ပြောင်းထားသော တိရစ္ဆာန်စမ်းသပ်မှုများ" အတွက် ထောက်ပံ့ကြေးများပေးခဲ့ကြောင်း ဆိုသွားပါတယ်။
"အမေရိကန်အစိုးရသည် တိရစ္ဆာန်များကို စမ်းသပ်မှုများ ပြုလုပ်ရန် တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၂၀ ကျော် သုံးစွဲတယ်" လို့မေ့စ်က ပြောခဲ့ပါတယ်။ "တတ်စတိုစတီရုန်း ကုထုံးကို ခံယူသော ကြွက်မတွေက မုဒိမ်းမှုကျူးလွန်နိုင်ခြေ ရှိ မရှိ ဆေးဝါးကို အလွန်အကျွံ သုံးစွဲ ခိုင်းပြီး ရှာဖွေဖို့အတွက် ဒေါ်လာ ၁ သန်းကျော် သုံးစွဲခဲ့တယ်"လို့လည်း ဆိုသွားပါတယ်။
REF - RT
#MNP #News #International
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment