တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်ဆဲ တံတားပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်ဆဲ တံတားပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံး


ဆိုးလ်၊ ဖေဖော်ဝါရီ  ၂၅ 

တောင်ကိုရီးယားနိုင်ငံ၊ Chungcheongnam ပြည်နယ်၊ Cheonan မြို့ရှိ ဆိုးလ်- ဆဲကျုံး အဝေးပြေးလမ်းမ တည်ဆောက်ရေးနေရာတွင် ဖေဖော်ဝါရီ ၂၅ ရက်က တည်ဆောက်ဆဲ တံတားပြိုကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါအခင်းဖြစ်ပွားမှုကြောင့် လူ ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း တောင်ကိုရီးယား Yonhap News Agency သတင်းအရ သိရသည်။ အဆိုပါနေ့ နံနက် ၉ နာရီ ၄၉ မိနစ်ခန့်တွင် ဤဆောက်လုပ်နေသော တံတားယက်မ၊ တံတားတိုင် အထက်ရှိ တံတားကြမ်းခင်း ပြိုကျခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနက နံနက် ၁၀ နာရီ ၉ မိနစ်ခန့်တွင် “လမ်းဆောက်လုပ်နေစဉ် တံတားကြမ်းခင်းပြိုကျခဲ့သော” အကြောင်းကြားချက်ကို ရရှိခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ တည်ဆောက်ဆဲ တံတားသည် တောင်ယာမြေနှင့် မြေပြန့်ကြား ဆက်စပ်နေရာဖြစ်ရာ တံတားကြမ်းခင်းပြိုကျချိန်တွင် ကျယ်လောင်သော အသံကြားခဲ့ရပြီး တံတားသည် ဖုန်မှုန့်များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။

သို့သော် မတော်တဆမှု ဖြစ်ပွားချိန်တွင် အနီးပတ်ဝန်းကျင်၌ လမ်းသွားလမ်းလာသူများကို မတွေ့ခဲ့ကြောင်း အခင်းဖြစ်ရာနေရာမှ မျက်မြင်သက်သေများက တောင်ကိုရီးယား YTN ရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ Choi Sang-mok က  တောင်ကိုရီးယားအုပ်ချုပ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၊ တောင်ကိုရီးယားနိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝန်ကြီးဌာနစသည့် ဝန်ကြီးဌာနများကို ရနိုင်သမျှလူအင်အားနှင့် ပစ္စည်းကိရိယာများ အသုံးပြု၍ လူများကို ဦးစားပေးကယ်ဆယ်ကာ ပျောက်ဆုံးနေသူများကို အစွမ်းကုန်ရှာဖွေရန် အရေးပေါ် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 


REF - (Xinhua)

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)