အမေရိကန်လက်နက်တွေ ဝယ်ပြီး ယူကရိန်းကို ထောက်ပံ့ချင်ရင် ရတယ်လို့ ထရမ့်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်လက်နက်တွေ ဝယ်ပြီး ယူကရိန်းကို ထောက်ပံ့ချင်ရင် ရတယ်လို့ ထရမ့်ပြော


ဖေဖော်ဝါရီ - ၁၈ ( အင်္ဂါနေ့ ) 

ရုရှားကိုတိုက်ခိုက်ဖို့ အမေရိကန်နိုင်ငံလုပ်လက်နက်တွေကို ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ချင်တယ်ဆိုရင် ရတယ်ဆိုတဲ့ ခွင့်ပြုချက်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးပြီး မီးစိမ်းပြလိုက်ပါတယ်။ နောက်ပြီး ယူကရိန်းရဲ့ စွတ်စွဲချက်တစ်ခုဖြစ်တဲ့ ရုရှားက နေတိုးကို စစ်ရေးအရခြိမ်းခြောက်မှုတွေ လုပ်နေတယ် ဆိုတာကိုတော့ ပယ်ချလိုက်ပါတယ်။ 

အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတဇီလန်စကီးက အီးယူခေါင်းဆောင်များနဲ့ အတူ ဝါရှင်တန်အစိုးရသစ်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဆော်ဒီအာရေဗီးယားမှာတွေ့ကြမယ့် ထရမ့်နဲ့ ပူတင် ဆွေးနွေးပွဲက ယူကရိန်း အပါအဝင် ဥရောပနိုင်ငံတွေရဲ့ အကျိုးစီးပွားဖြစ်လာနိုင်စရာ မရှိနိုင်တဲ့ အတွက်ကြောင့် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆန့်ကျင်ကြမယ်ဆိုပြီး ဥရောပမှာ အငြင်းအခုံတွေ ဖြစ်နေကြပါတယ်။ ဇီလန်စကီးကတော့ သူ့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲနိုင်ဘူးလို့ ဆိုထားပါတယ်။ 

တနင်္ဂနွေညနေပိုင်းက ဖလော်ရီဒါမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဥရောပနိုင်ငံတွေကို ယူကရိန်းအတွက် အမေရိကန်လက်နက်တွေ ဝယ်ယူခွင့်ပြုမလားလို့ မေးမြန်းတဲ့အခါ ထရမ့်က ရိုးရိုးရှင်းရှင်းပဲ “ဟုတ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ဇီလန်စကီးနဲ့ အီးယူခေါင်းဆောင်တွေ တင်ပြထားတဲ့ ရုရှားက နေတိုးကို စစ်ရေးအရခြိမ်းခြောက်မှုပြုနေတယ်ဆိုတဲ့ တင်ပြချက်ကိုတော့ နည်းနည်းလေးမှ မယုံဘူးလို့ ပြောသွားပါတယ်။ မော်စကိုအစိုးရက စစ်ရေးခြိမ်းခြောက်မှု လုပ်နေတယ်ဆို လုံးဝမဖြစ်နိုင်ဘူးလို့ ထရမ့်က အကြိမ်ကြိမ်အခါခါ ငြင်းထားပါတယ်။ 

မြူးနစ်လုံခြုံရေးညီလာခံ မတိုင်မီ အင်တာဗျူးတစ်ခုမှာ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရုရှား က မလိုက်နာဘူး ဆိုရင် စစ်ရေးအရ အရေးယူမယ်လို့ ဆိုပြီး ပြောတဲ့စကားတစ်ခုရှိပါတယ်။ အဲ့ဒါကို ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ သမ္မတ ထရမ့်ရော၊ ဒုသမ္မတရဲ့ အရာရှိတွေကပါ မပြောပါဘူးလို့ ဝိုင်းငြင်းကာ သတင်းဌာနကို သတင်းအမှားကြီးတွေ ဖော်ပြတယ် ဆိုပြီစွတ်စွဲထားပါတယ်။  

ဗန့်စ် က မြူးနစ်လုံခြုံရေး ညီလာခံကာလအတွင်းမှာ ဥရောပခေါင်းဆောင်တွေက ပြည်တွင်းမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်အောင်ဖန်တီးတယ်၊ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့အတွက်ကြောင့် ဒီမိုကရေစီအနှစ်အရသာ ပျောက်ဆုံးနေတယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ဥရောပနိုင်ငံရေးသမားတွေက ပြည်သူတွေရဲ့ စိုးရိမ်မှုကို ဖြေရှင်းပေးရမဲ့အစား ကြောက်ရွံ့မှုတွေကိုပဲ ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။ 


REF: RT

#News #MNP #International

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)