ပြည်၊ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် Grade-12 ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူနှင့် တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်တွင် စာစစ်ဌာနများရှိ မိန်းပလပ်ခုံများနှင့်ပလပ်ပေါက်များ၊ မီးခလုတ်များ၊ မီးကြိုးများနှင့် မီးသတ်ဆေးဘူးများကောင်းမွန်မှု ရှိ/မရှိအခြေအနေနှင့် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးနှင့် သောက်သုံးရေသိုလှောင်ထားရှိမှုစနစ် ကောင်းမွန်မှုရှိ/မရှိ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်ရန်လိုအပ်သည်များကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက သက်ဆိုင်ရာကျောင်းတာဝန်ရှိသူများအား အကြံပြုဆွေးနွေးပြောကြားခဲ့ပြီး ပြည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(၁)၊ အ-ထ-က(၄)၊ အ-ထ-က(၅)၊ အ-ထက(ပေါင်းတလည်)နှင့် အ-ထ-က(ဝက်ထီးကန်)အစရှိသည့် စာစစ်ဌာန ၅ ခုဖြင့် ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုဆက်
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment