အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ နဝမအကြိမ် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ နဝမအကြိမ် အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ယမန်နေ့ကက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက အမှာစကားများ ပြောကြားကြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးက အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင် ဌာနအဖွဲ့အစည်းများ၏ အကြံပြုချက် ပုဒ်မ/ ပုဒ်မခွဲ တစ်ခုချင်းကို ရှင်းလင်းတင်ပြရာ အကြံပြုထားသည့် ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဖြည့်စွက်ဆွေးနွေးကြသည်။ ဆက်လက်၍ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေးကြသည်။

ယခုအစည်းအဝေး၏ ယာယီအတည်ပြုချက်များနှင့် ဥပဒေမူကြမ်းပါ အခန်းများကို အသေးစိတ်ဆက်လက်စိစစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီ၏ သတ္တမအကြိမ် အစည်းအဝေးတွင် တင်ပြပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)