အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ နဝမအကြိမ် အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ နဝမအကြိမ် အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ယမန်နေ့ကက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက အမှာစကားများ ပြောကြားကြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးက အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင် ဌာနအဖွဲ့အစည်းများ၏ အကြံပြုချက် ပုဒ်မ/ ပုဒ်မခွဲ တစ်ခုချင်းကို ရှင်းလင်းတင်ပြရာ အကြံပြုထားသည့် ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဖြည့်စွက်ဆွေးနွေးကြသည်။ ဆက်လက်၍ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေးကြသည်။

ယခုအစည်းအဝေး၏ ယာယီအတည်ပြုချက်များနှင့် ဥပဒေမူကြမ်းပါ အခန်းများကို အသေးစိတ်ဆက်လက်စိစစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီ၏ သတ္တမအကြိမ် အစည်းအဝေးတွင် တင်ပြပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)