ဖျာပုံ၊ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်အဆင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ပါမောက္ခများ/ပါမောက္ခ(ဌာနမှူးများ)က ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်ကြားပို့ချပေးရာတွင် မအူပင်တက္ကသိုလ်မှ ပါမောက္ခများ/ပါမောက္ခ(ဌာနမှူးများ)က ဖျာပုံခရိုင် အတွင်း (ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး)မြို့နယ်များမှ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အထက်တန်းပြ ဆရာ/ဆရာမများနှင့် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ကျက်မှတ်လေ့လာရမည့်အကြောင်းအရာများ၊ ဘာသာရပ်အလိုက် ဖြေဆိုရာတွင် သတိပြုရမည့်အကြောင်းအရာများ၊ အချိန်ကို အကျိုးကျိုးရှိရှိ လေ့လာကျက်မှတ်ကြရန်စသော အကြောင်းအရာများအား သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချပေးကြသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးသင်ကြားပို့ချပေးရာတွင် ဖျာပုံခရိုင် ပညာရေးမှူး ဦးဝင်းအောင်၊ ခရိုင်အတွင်း ရှိမြို့နယ်ပညာရေးမှူးများက လိုအပ်သည်များ ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးကြပြီး၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ပါမောက္ခများ/ပါမောက္ခ(ဌာနမှူး)( ၁၀)ဦးတို့က သင်ကြားပို့ချပေးပြီး၊လေ့လာသူအဖြစ် ဖျာပုံခရိုင်အတွင်းရှိ အထက်တန်းပြ ဆရာ/ဆရာမ(၁၅၀)ဦးနှင့် ခရိုင်အတွင်းရှိ Grade-12 ကျောင်းသား/ကျောင်းသူ (၇၀၀)ဦးကျော် တက်ရောက်သင်ယူလေ့လာကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
#News #MNP
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment