မှော်ဘီ၊ ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း မြို့နယ်အခြေခံကုန် ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အခြေခံစိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးနှုန်းများ တိုးမြှင့်ရောင်း ချခြင်းမရှိစေရေး ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အခြေခံကုန်ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ အခြေခံစိုက်ပျိုး ရေးသုံးပစ္စည်းများ အရောင်းဆိုင်များများသို့သွားရောက်၍ ယူးရီးယားဓာတ်မြေဩဇာများသတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ တရားမဝင် စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ဖြင့်ကွင်းဆင်း၍ ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မရှိစေရေး၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ၊ ဆေးဝါးပစ္စည်းများ ရောင်းချမှု မရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြကြောင်း သိရှိရသည်။
#MNP #News
https://t.me/MyanmarNationalPost



No comments:
Post a Comment