ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးမြေများပေါ်တွင် မြေကွက်ရိုက်၊ အဆောက်အဦ ဆောက်လုပ်ထားသည်များကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးမြေများပေါ်တွင် မြေကွက်ရိုက်၊ အဆောက်အဦ ဆောက်လုပ်ထားသည်များကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှား







ပြင်ဦးလွင်၊ ဖေဖော်ဝါရီ ၁၆

ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးမြေများပေါ်တွင် မြေကွက်ရိုက်၊ အဆောက်အဦ ဆောက်လုပ်ထားသည်များအား ရှင်းလင်းဖယ်ရှားမှုများ လုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရပြီး ငွေပေးနိုင်သူများကို ချန်လှပ်ထားခြင်း၊ ပက်သက်ရာပတ်သက်ကြောင်းများကို ချန်လှပ်ထားကြောင်း ပြောကြားမှုအပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းရာ ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

ဒေသခံတစ်ဦး က "နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးမြေတွေပေါ်မှာ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ မလုပ်ဖို့ လမ်းညွှန်ထားတယ်။ ဟိုးအစောပိုင်းကလည်း တခါ ဟန်ပြဖျက်တာမျိုးရှိတယ်။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့လည်း အမြဲစောင့်ကြပ်ပြီး လမ်းညွှန်နိုင်တာမှ မဟုတ်တာ။ နည်းနည်းလောက် ဟန်ပြလုပ်ပြီးရင် ဘာမှ ဆက်မလုပ်တော့ပြန်ဘူး။ အခု ရက်ပိုင်းအတွင်း ရေချမ်းအိုး၊ ပွဲကောက်ဘက်တွေမှာ ထပ်ပြီး ဖျက်ရတာတွေ ရှိတယ်။ ဒါပေမယ့် အားလုံးကို ဖျက်တာမဟုတ်ဘူး။ ဒီအကွက်တွေ ရိုက်ရောင်းထားတာတွေကလည်း သာမာန်လူတွေ မဟုတ်ဘူး။ ဒီအကွက်တွေထဲမှာလည်း အဆင့်မြင့်အရာရှိကြီးတွေနဲ့ ပတ်သက်သူတွေ ရှိတယ်။ အဲဒီလိုလူတွေ အဖျက်မခံရဘူး။ ငွေပေးနိုင်ရင် အဖျက်မခံရဘူး။ အဲဒီလို ဖြစ်နေတယ်။" ဟု ပြောသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ သတင်းမှန်ပြန်ကြားရေးအဖွဲ့အား ဆက်သွယ်မေးမြန်းရာ "ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ တိတိကျကျ တရားဝင်စာနဲ့မေးပေးပါ။ ဖော်ထုတ် ဆောင်ရွက်ပေးပါမည်။" ဟု ဖြေကြားထားသည်။

ယခုအခါ ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးနှင့် ပွဲကောက်အနီးဝန်းကျင် နေရာများတွင် စိုက်ပျိုးမြေများပေါ် မြေကွက်ရိုက်၊ အဆောက်အဦ ဆောက်လုပ်ထားသည်များကို ရှင်းလင်းဖယ်ရှားမှုများ ဆောင်ရွက်နေကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)