ထရမ့်က ပူတင်နဲ့ ဇီလန်စကီးကို ဖုန်းခေါ်ပြီးစညှိပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်က ပူတင်နဲ့ ဇီလန်စကီးကို ဖုန်းခေါ်ပြီးစညှိပြီ


ဖေဖော်ဝါရီ - ၁၃ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးကို မနေ့ကဖုန်းခေါ်ပြီးတော့ စစ်ရပ်ဆဲရေး အတွက် ပြောလိုက်ပါတယ်။ ဇီလန်စကီးနဲ့ မပြောခင်မှာ ရုရှား သမ္မတဗလာဒီမာ ပူတင်နဲ့အရင်ဖုန်းပြော ဖြစ်ပါတယ်။ “အခြေအနေကောင်းပါတယ်။ သူတို့ ၂ ယောက်စလုံး စစ်ရပ်ဆဲရေးကို သဘောတူကြပါတယ်။ ဒါပေမဲ့ သူတို့တွေ တောင်းဆိုတဲ့ အချက်တွေ ရှိနေပါတယ်။ တဖြည်းဖြည်းချင်းညှိယူလို ရနိုင်မယ်ထင်တယ်” လို့ ထရမ့်က ပြောပါတယ်။ 

"ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ကျွန်တော် စကားပြောဖြစ်ခဲ့ပါတယ်။ စကားပြောတာ အရမ်းကောင်းပါတယ်။ သမ္မတ ပူတင်လိုပဲ သူက ငြိမ်းချမ်းရေးကို လိုချင်ပါတယ်" လို့ သမ္မတ ထရမ့်ကသူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာ Truth Social မှာ ပြောကြားခဲ့ပါတယ်။ 

"ငြိမ်းချမ်းရေးရရှိဖို့ အခွင့်အလမ်းတွေအကြောင်း ကျွန်တော်တို့ အကြာကြီးပြောခဲ့ပြီး၊ အဖွဲ့လိုက်အဆင့်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်မှုနဲ့ ယူကရိန်းရဲ့ နည်းပညာစွမ်းရည်တွေကို ဆွေးနွေးခဲ့ပါတယ်" လို့ ဇီလန်စကီးက သူ့ရဲ့ X ဆိုရှယ်မီဒီယာအကောင့်တွင် ပြောကြားခဲ့ပါတယ်။

ဇီလန်စကီးက သောကြာနေ့တွင် ဂျာမဏီနိုင်ငံ မြူးနစ်မြို့၌  အမေရိကန် ဒုသမ္မတ ဂျေဒီဗန့် နှင့် နိုင်ငံခြားရေးဝန်ကြီး မာရိုရူဘီယို တို့ကို တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: Hindustan Times

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)