နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ထိလို့ကတော့ ရုရှားကို အမှုန့်ချေမယ်လို့ ကြိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ထိလို့ကတော့ ရုရှားကို အမှုန့်ချေမယ်လို့ ကြိမ်း


ဖေဖော်ဝါရီ - ၁၃ ( ကြာသပတေးနေ့ ) 

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ်ရက်တီ က ရုရှားသမ္မတ ဗလာဒီမာပူတင်အား အမေရိကန်ဦးဆောင်သော စစ်ဘက်အုပ်စု (နေတိုး) ရဲ့ အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်ပါက မော်စကိုအား ချေမှုန်းပစ်မယ်လို့ ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။ 

မကြာသေးမီနှစ်များအတွင်း ရက်တီလို နေတိုးအဖွဲ့ရဲ့ ထိပ်တန်း အကြီးအကဲတွေကို ရုရှားက ချုပ်ကိုင်ဖို့အတွက် အစီစဉ်ချလုပ်ဆောင်နေတယ်လို့ စွတ်စွဲထားတာရှိပါတယ်။ ပူတင်ကတော့ အဲ့ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စွတ်စွဲချက်တွေပါလို့ ငြင်းဆိုထားပြီး နေတိုးက အဖွဲ့ဝင်နိုင်ငံတွေကို စစ်စရိတ်တိုးမြှင့်ကောက်ခံချင်တာနဲ့ ရမယ်ရှာနေတာလို့ ပြောပါတယ်။  

ဗုဒ္ဓဟူးနေ့က ဘရက်ဆဲမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ ရက်တီ က “အခုအချိန်မှာ ပူတင်က နေတိုးကို တိုက်ခိုက်မယ်ဆိုရင် တုံ့ပြန်မှုက ဆိုးရွားလာမှာပါ။ သူရှုံးလိမ့်မယ်။ ဒါကြောင့် မစမ်းပါနဲ့၊ ဒါကို သူသိတယ်။ ကျနော်တို့ရဲ့ အဟန့်အတားနဲ့ ကာကွယ်ရေးက အရမ်းအားကောင်းတယ်။” လို့ ဆိုသွားပါတယ်။ ဒါပေမဲ့ နေတိုး အနေဖြင့် ယခုအချိန်မှစ၍ လေးနှစ် သို့မဟုတ် ငါးနှစ်အတွင်း မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် ကာကွယ်ရေးတွင် ပိုမိုသုံးစွဲရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

ရက်တီက အဖွဲ့ဝင်နိုင်ငံများအနေနဲ့ "ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ ယခုနှစ်အတွင်း ခက်ခဲသော ဆုံးဖြတ်ချက်အချို့ကို ပြုလုပ်နေရပါတယ်၊ ကျနော်တို့ ကတိပြုထားတဲ့ တိုင်းပြည်ဝင်ငွေရဲ့ ၂ % ထက် ပိုမိုထည့်ဝင်ရန် လိုအပ်ပါတယ်" လို့ တိုက်တွန်းခဲ့ပါတယ်။ ဥရောပနိုင်ငံများတွင် “ကောင်းမွန်သော” လက်နက်ထုတ်လုပ်သူများရှိသော်လည်း အလုံအလောက် မထုတ်လုပ်နိုင်သေးကြောင်း ၊ အဲ့ဒါကို အရေးတကြီး ဖြေရှင်းရန်လိုအပ်ကြောင်း ဆက်လက်ပြောပါတယ်။ 

ဒိန်းမတ်ကာကွယ်ရေး ထောက်လှမ်းရေးဌာနရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရုရှားရဲ့ ရန်လိုမှု နဲ့ ပတ်သက်ပြီး နေတိုး ရဲ့ အစီအမံကို သိလိုကြောင်း၊ ယူကရိန်းပဋိပက္ခကို ရပ်တန့်သွားအောင် မည်ကဲ့သို့ စီစဉ်ထားကြောင်း၊ နေတိုးရဲ့ ကာကွယ်ရေး စရိတ်တိုးမြှင့်မှုနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများရဲ့ စီးပွားရေး အခြေအနေကို ထည့်သွင်းစဉ်းစားထားပြီးပြီလား ဆိုတဲ့ မေးခွန်းတွေပါလာပါတယ်။ နောက်ပြီး ရုရှားက ဥရောပကို ကြီးမားသော ထိုးစစ်ဆင်နိုင်ကြောင်းလည်း ပါဝင်ပါတယ်။ 


Ref - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)