ရွှေတောင်၊ ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မိတ်ဖက်ဌာနများနှင့်အ ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ( ဝါးလည်ကျေးရွာ)အခြေခံပညာ မူလတန်းကျောင်းနှင့် ( ကြို့ကုန်းကျေးရွာ) အခြေခံပညာ မူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ( ဝါးလည်ကျေးရွာ)အခြေခံပညာ မူလတန်းကျောင်းနှင့် ( ကြို့ကုန်းကျေးရွာ) အခြေခံပညာ မူလတန်းကျောင်းတို့မှကျောင်းအုပ်ဆရာမကြီးများမှအဖွင့်အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင် မှကျောင်းသား/ ကျောင်းသူများအားဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး " မိအေးချက်သည့် ဟင်းတစ်ခွက် " စက္ကူပြဇာတ်နှင့် တန်ဖိုးမဖြတ်နိုင်သောပေါင်မုန့် ပုံပြင်စာအုပ်ကိုပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့် ကစားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား (၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊တားမြစ်ဆိုးဆေးများအကြောင်းရှင်းလင်းဆွေးနွေး ပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
#MNP #News #Cartoon
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment