(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၌ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၌ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကား








တာမွေ၊ ဖေဖော်ဝါရီ ၁၃

၂၀၂၅ - ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာပြခန်းများ၊ ဈေးရောင်းပွဲတော်နှင့်  တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ - ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ နေ့စဉ်နံနက်(၇)နာရီမှ ည(၁၀)နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ဒုတိယနေ့တွင်လည်း လာရောက်လေ့လာကြည့်ရှုသူပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က လာရောက်တာပါ။ တီဗွီကနေ ဒီပွဲတော်ကျင်းပနေတာ ကိုမြင်ပြီး သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်ဖြစ်တာပါ။ ဒီမှာပြသထားတဲ့ ကဏ္ဍအလိုက် ပြခန်းတွေကနေ ကျွန်တော်တို့လူငယ်တွေအတွက် အသိပညာဗဟုသုတများစွာ ရရှိတဲ့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနပြခန်းမှာဆိုရင်လည်း လူငယ်တွေအတွက် အကျိုးရှိစေမဲ့ စာအုပ်စာစောင်တွေ၊ နံရံကပ်စာစောင်တွေကို ပြသထား သလို ဉာဏ်စမ်းပဟေဠိမေးခွန်းတွေဖြေဆိုပြီး လက်ဆောင်တွေပေးတဲ့ အစီအစဉ်ကို ထည့်သွင်းပေးထားတဲ့အတွက် အရမ်းကို အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ် ” ဟု ပွဲတော်သို့ အပန်းဖြေလာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

အဆိုပါ ၂၀၂၅ - ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ၊ ဈေးရောင်းပွဲတော်နှင့်  တေးဂီတဖျော်ဖြေပွဲ၌ တိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်း (၅၉)ခန်း ပြသထားသလို တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဒေသရိုးရာအစားအစာများ စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိ ကြောင်း၊  ပွဲတော်သို့ လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန် တေးဂီတဖျော်ဖြေပွဲကိုလည်း စီစဉ်ဆောင်ရွက် ထားပြီး စိတ်ကိုမြူးကြွပေါ့ပါးသွားစေမည့် DJ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စတုဒီသာအလှူအဖြစ် ထမင်းနှင့်ဟင်းကို ကျွေးမွေးလှူဒါန်းပေးလျက်ရှိကြောင်း၊ ဒါ့အပြင် စားသောက်ဆိုင်တန်းများ စီစဉ်ပေးထားပြီး လာရောက်လည်ပတ်ကြသူများ စားသောက်ရေးအဆင်ပြေစေရန်အတွက်လည်း သန့်ရှင်းလတ်ဆတ်သော အစားအစာများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ပွဲတော်သို့ လာရောက်ကြသူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက်လည်း YBSခရီးသည်တင်ယာဉ်များအား လုံလုံလောက်လောက် ‌ပြေးဆွဲပေးလျက်ရှိသည်။ 

ယနေ့ဒုတိယနေ့တွင် လာရောက်လေ့လာကြည့်ရှုသူပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုးစည်ကား လျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင် (တာမွေ)

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)