ဖေဖော်ဝါရီ - ၅ ( ဗုဒ္ဓဟူးနေ့ )
"အမေရိကန်က ဂါဇာကမ်းမြှောင်ကို သိမ်းပိုက်မှာပါ။ လုပ်လည်း လုပ်မှာပါ။ ကျနော်တို့ ပိုင်ဆိုင်မှာပါ။ ပြီးတော့ ဒီနေရာမှာရှိတဲ့ အန္တရာယ်ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ တခြားလက်နက်တွေအားလုံးကို ဖျက်သိမ်းဖို့ တာဝန်ယူ လုပ်ဆောင်မှာပါ"
အမေရိကားကို အလည်အပတ်ရောက်ရှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပူးပေါင်းပြီး မနေ့က အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်ပွဲ လုပ်ခဲ့ပါတယ်။ အဲ့ဒိပွဲမှာ ဒေါ်နယ်ထရမ့်က အထက်ပါအတိုင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။
“ဂါဇာကိုကြည်လိုက်ပါဦး။ သေရတော့မယ့် လူနာတစ်ယောက်လိုပါပဲ။ ပြဿနာတွေက ဖြစ်နေတယ်။ ပြီးတော့ ထပ်ခါထပ်ခါ ဖြစ်နေတယ်။ နောက်လည်း ထပ်ဖြစ်နေဦးမှာပဲ။ သေခြင်းနဲ့ ပျက်စီးခြင်းကလွဲလို့ ဘာမှမရှိဘူးဖြစ်နေတယ်။ အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်အေးချမ်းဖို့အတွက် ကျနော်ယူလာပေးနိုင်မယ်လို ထင်ပါတယ်။ ဒီစကားကို ပေါ့ပေါ့တန်တန်ပြောတာမဟုတ်ဘူး။ ဂါဇာကို သိမ်းပြီးရင် အလုပ်အကိုင် ထောင်ပေါင်းများစွာကို အမေရိကန်က ဖန်တီးပေးနိုင်မယ်လို မျှော်လင့်ပါတယ်” လို့ ဆိုသွားပါတယ်။
ပြန်လည်တည်ဆောက်ရေး လုပ်တဲ့နေရာမှာ ဂါဇာမှာ နေထိုင်ပြီး နယ်မြေအတွက် တိုက်ပွဲဝင်ကြတဲ့သူတွေ မပါဝင်သင့်ဘူးလို့ ဆိုတဲ့ အပြင် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူ နှစ်သန်းကျော်အနေနဲ့ လူသားချင်းစာနာထောက်ထားမှု နှလုံးသားဖြင့် စိတ်ဝင်စားသော အခြားနိုင်ငံများသို့ သွားသင့်တယ်လို့လည်း သူကပြောသွားပါသေးတယ်။ ဂါဇာရဲ့ အိမ်နီးချင်နိုင်ငံတွေဖြစ်တဲ့ အီဂျစ်နဲ့ ဂျော်ဒန်ကတော့ ထရမ့်ရဲ့ အစီအစဉ်တွေကို လုံးဝငြင်းဆိုထားပါတယ်။
REF - NDTV
#MNP #News #International
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment