ကျနော့်အဖေက သူဌေးမဟုတ်ပါဘူး၊ ကျနော်ပညာလည်း ကောင်းကောင်းမတတ်ခဲ့ပါဘူးလို့ ဆိုတဲ့ တရုတ်ဘီလီယံနာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျနော့်အဖေက သူဌေးမဟုတ်ပါဘူး၊ ကျနော်ပညာလည်း ကောင်းကောင်းမတတ်ခဲ့ပါဘူးလို့ ဆိုတဲ့ တရုတ်ဘီလီယံနာ


ဖေဖော်ဝါရီ - ၄ ( အင်္ဂါနေ့ ) 

တရုတ်ဘီလီယံနာ ဂျက်မားယန်ဆိုသူက စီးပွားရေးသမား နဲ့ ပရဟိတသမားတစ်ယောက်ဖြစ်ပါတယ်။ ၁၉၆၄ စက်တင်ဘာလ ၁၀ရက်နေ့မှာ မွေးဖွားခဲ့ပြီး မနှစ်က နိုဝင်ဘာလမှာ သူ့ရဲ့ ပိုင်ဆိုင်မှုက ကန်ဒေါ်လာ သန်း၂သောင်းခွဲကျော် ရှိတယ်လို့ သိထားရပါတယ်။ 

“ကျနော့် အဖေက သူဌေးမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း ပညာကို အပတ်တကုတ် သင်ခဲ့တဲ့လူ မဟုတ်ပါဘူး။ တက္ကသိုလ်ဝင်ခွင့်ကို ၃ကြိမ်တောင်ဖြေခဲ့ရတယ်ဗျာ။ ၃ ခါလုံး ကျပါတယ်ဗျာ။ နောက်ဆုံးကျတော့မှ ကျနော်တို့မြို့က အဆင့် ၄ လောက်ရှိတဲ့ ဆရာများတက္ကသိုလ်ကို ကျနော်သွားတက်နိုင် ခဲ့ပါတယ်။ ကျနော့်ဘဝမှာ အကောင်းဆုံးတက္ကသိုလ်လို့ပြောရမယ်ဗျ။ ကမ္ဘာကျော် ဟားဗတ်တို့၊ ဝါတန်တို့ ထက်တောင်ကောင်းမယ်လို့ ကျနော်ထင်ပါတယ်ဗျာ။ ကျနော်ဟားဗတ်တက္ကသိုလ် ဝင်ခွင့် ၁၀ ကြိမ်ဖြေခဲ့ပါတယ်။   ၁၀ကြိမ်လုံး ကျပါတယ်။ သူတို့က ကျနော့်ကို မမြင်ချင်ဘူးနဲ့ တူပါတယ်ဗျာ။ ကြောက်စရာကြီး။ 

ကျနော်ထင်ပါတယ်။ ဒါတွေက ဘဝတစ်ခုရဲ့ ပုံမှန်ကိစ္စရပ်တွေပါ။ အဲ့တုန်းကတော့ ကျနော့်အတွက် တော်တော်ခက်ခဲခဲ့တယ်ဗျ၊ ပြီးတော့ တော်တော်လည်း ဒေါသထွက်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်တက်တုန်းက ကျနော်တစ်လကို ၁၀ ဒေါ်လာလောက်သွင်းခဲ့ရတာ၊ တော်တော်မလွယ်ပါဘူး။ ဒါပေမဲ့ ကျနော်တွေးတာက တက္ကသိုလ်မှာရှိတဲ့ တစ်ခုခုက ကျနော့်ကို စောင့်နေတယ်လို့ဆိုတာပါပဲ။ 

ကျနော့်ကိုယ်ကျနော် ဘာလဲဆိုတာကို သက်သေပြနိုင်ဖို့ ကျနော်စကြိုးစားတော့တာပါပဲဗျာ။ အဲ့ဒိမှာ အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ ကျနော့်ကိုယ် ကျနော်တော်တယ်လို့ ဘယ်တော့မှ မတွေးပါဘူး။ အဲ့တုန်းကဆို ဘယ်သူမှ ကျနော့်ကို အောင်မြင်လိမ့်မယ်လို့ မထင်ကျပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဘဲက ကြောင်တောင်တောင်နဲ့ဆိုပြီး လူတွေက ပြောကြပါတယ်။ ဘယ်တော့မှ အလုပ်မဖြစ်မယ့်အရာတွေကို စဉ်စားနေတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ ကျနော်လုပ်တဲ့ အရာတွေအပေါ်မှာ ယုံကြည်မှု ရှိပါတယ်။ ကျနော်ကတွေ့ဖူးတဲ့ နာမည်ကြီးတွေမှာ အကောင်းမြင်ဝါဒပဲ ရှိတယ်ဗျ။ ဘယ်တော့မှ ဆင်ခြေမတက်ဘူး။ ပြီးတော့ သူတို့တွေက ပြဿနာဖြစ်နေတဲ့ အရာတွေကို ဖြေရှင်းဖို့ အမြဲလို ကြိုးစားနေကြတယ်။ 

ကျနော်ပြောချင်တာက အခွင့်အလမ်းဆိုတာ မကျေမနပ်မှုကနေ လာတာပါပဲ။ မကျေမနပ်မှုတွေရှိနေတဲ့ နေရာတွေမှာ ပြဿနာတွေ ရှိနေတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင် ခင်ဗျားမှာ အခွင့်အလမ်းတွေ ရှိလာမယ် ဆိုတာကို နားလည်ရပါမယ်။ အဲ့ဒါက ကျနော်သူဌေးဖြစ်လာရတဲ့ အကြောင်းအရင်းပါပဲ” လို့ ပြောသွားပါတယ်။ 


Ref - WIKI

#News #MNP #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)