ဖေဖော်ဝါရီ - ၄ ( အင်္ဂါနေ့ )
အမေရိကန်၏အကူအညီကို ဆက်လက်ရယူလိုပါက ယူကရိန်းအစိုးရအနေနဲ့ ဝါရှင်တန်ကို မြေရှားပါးသတ္တုများ ထောက်ပံ့ပေးရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့မှာ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ ယူကရိန်းအစိုးရက အမေရိကန်နှင့် သဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးရန် လိုအပ်ပြီး ဝါရှင်တန်အစိုးရအတွက် အာမခံချက်တစ်စုံတစ်ရာ ရှိနိုင်ဖို့အတွက် အဲ့လိုပြောရတာဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။
၂၀၂၄ ကမ္ဘာ့စီးပွားရေးဖိုရမ် အစီရင်ခံစာအရ ယူကရိန်းနိုင်ငံမှာ ကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စက်မှုလုပ်ငန်းများစွာအတွက် မရှိမဖြစ်အရေးပါတဲ့ ကုန်ကြမ်းဖြစ်တဲ့ မြေရှားသတ္တုသိုက်များ ယူကရိန်းမှာ ရှိနေတယ်လို့ ဆိုထားပါတယ်။ အဲ့ဒါအပြင် ယူကရိန်းမှာ ဥရောပ အကြီးဆုံး တိုက်တေနီယမ်သိုက်များ ပိုင်ဆိုင်ထားပြီး ကမ္ဘာလုံးဆိုင်ရာ ပမာဏရဲ့ ၇ % ရှိပါတယ်။ ၂၀၂၂ မော်စကိုနှင့် ပဋိပက္ခ မဖြစ်ပွားမီအထိ ယူကရိန်းက စစ်ဘက်ဆိုင်ရာ လုပ်ငန်းများအတွက် တိုက်တေနီယမ် အဓိက ပေးသွင်းတဲ့ နိုင်ငံဖြစ်ပါတယ်။
ယူကရိန်းတွင်တွေ့ရှိနိုင်သော ရှားပါးသတ္တုများစာရင်းတွင် ဘီရီလီယမ်၊ မန်းဂနိစ်၊ ဂယ်လီယမ်၊ ယူရေနီယမ်၊ ဇာကွန်နီယမ်၊ ဂရပ်ဖိုက်၊ အာပတ်တိ၊ ဖလိုရိုက်နှင့် နီကယ်တို့လည်း ပါဝင်သည်။ ယူကရိန်းမှာ ရှိတဲ့ လီသီယံသိုက်က တန်ချိန် ၅ သိန်းကျော် ရှိတယ်လို့ အတည်ပြုထားပါတယ်။ လီသီယံက ဘတ်ထရီထုတ်လုပ်တဲ့ နေရာမှာ အရေးပါတဲ့ သတ္တုပဲဖြစ်ပါတယ်။
“ယူကရိန်းမှာ မြေရှားသတ္တုတွေ ရှိတယ်လို့ ကျနော်ကြားထားပါတယ်။ သူတို့ကို ကျနော်တို့က ငွေလုံးငွေရင်းနဲ့ အလွတ်ထောက်ပံ့နေရတာ။ အဲ့ဒိအတွက် အာမခံချက် လိုပါတယ်။ ယူကရိန်းက ရနိုင်တဲ့ မြေရှားသတ္တုတွေရယ်၊ အခြားသော သူတို့ ပြန်ပေးနိုင်မယ့် အရာတွေအတွက် သဘောတူညီချက်တစ်ခုလုပ်ဖို့အတွက် ကျနော်တို့ ရှာဖွေနေပါတယ်” လို့ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအောက်ရှိ ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်အကျိုးစီးပွားကို မြှင့်တင်ပေးသည့် ပရောဂျက်များအတွက် နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဖြန့်ဖြူးပေးသည့် ဩဇာထူထောင်ရေး အေဂျင်စီ USAID မှ လည်ပတ်သည့် အကူအညီပေးရေး အစီအစဉ်အားလုံးကို ထရမ့်က ရပ်ဆိုင်းလိုက်ပြီး ယူကရိန်းတွင် အကူအညီပေးရေး အစီအစဉ်များစွာကို ကြီးကြပ် ဖို့အတွက် ထရမ့်ရဲ့ အစိုးရစွမ်းဆောင်ရည်ဌာန က လက်လွှဲ ယူလိုက်ပြီ ဖြစ်ပါတယ်။
Ref - RT
#MNP #News #International #American #Ukraine
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment