နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် ယနေ့ နံနက်ပိုင်းက လူငယ်တွေ့ဆုံပွဲကျင်းပခဲ့ရာ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီမှ အကြီးအကဲများ၊ တာဝန်ရှိသူများ နေပြည်တော် (၈)မြို့နယ်မှ လူငယ်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင်ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွဲ့အမှာစကား ပြောကြားရာတွင် လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်ကြောင်း၊ လူငယ်ဆိုသည်မှာ ကမ္ဘာကြီးရဲ့ အဖူးအငုံဖြစ်ကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို အစိုးရကလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များသည် ဉာဏ်ပညာနှင့် ပြည့်ဝပြီး အလုပ်တစ်ခုကို လုပ်သင့်၊ မလုပ်သင့် စဉ်းစားဆုံးဖြတ်နိုင်သည့် ဉာဏ်ပညာ ရှိရမည်ဖြစ်ကြောင်း၊ ပါတီတွင်လည်း လူငယ်များကို ထက်မြတ်တဲ့ အားမာန်ရှိတဲ့ လူငယ်များ၊ ဖြူစင်တဲ့လူငယ်များ မွေးဖွားပေးနေကြောင်း၊ လူငယ်များ အသိအမြင်မှန်ကန်ရန် လိုအပ်ကြောင်း၊ လမ်းမှားရောက်သွားတဲ့ လူငယ်တွေ မဖြစ်စေလိုကြောင်း၊ တချို့လူငယ်တွေ သူများပါးစပ်ဖျားမှာ လမ်းဆုံးနေကြောင်း၊ ယနေ့တိုင်းပြည် ကြုံတွေ့နေရသောအခက်အခဲများသည် စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကို ကျောခိုင်းခဲ့သည့် ပါတီအဖွဲ့အစည်းတစ်ခုကြောင့် ဖြစ်ကြောင်း၊ တော်လှန်ရေးဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်သာဖြစ်ကြောင်း၊ တော်လှန်ရေး အမည်ခံပြီး ဆရာတော်သံဃာတော်များကို သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို သတ်ဖြတ်ခြင်း၊ ဆရာ/ဆရာမများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း၊ တိုင်းပြည်ရဲ့ သမိုင်းကြောင်း ကို သေချာစွာ မလေ့လာဘဲ သူများပါးစပ်က ပြောတဲ့ စကားတွေအပေါ် ယုံစားပြီး စိတ်ကူးယာဉ်ဆန်ဆန် လုပ်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ကို အသူရာနက်တဲ့ ဂျောက်ထဲကို တွန်းချနေခြင်းဖြစ်ကြောင်း၊ လူငယ်များသည် ကိုယ့်နိုင်ငံကိုယ် ကာကွယ်သူများ ဖြစ်ရန် လိုအပ်ကြောင်း၊ မကာကွယ်နိုင်ရင်တောင် ဖျက်ဆီးတဲ့သူ မဖြစ်ဖို့ လိုအပ်ကြောင်း ရှင်းလင်း ပြောဆိုသွားသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မြို့နယ်အသီးသီးမှ လူငယ်များက သိရှိလိုသည်များကို မေးမြန်းရာ ပါတီတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဥက္ကဋ္ဌ ဦးခင်ရီမှလည်း ဖြည့်စွက် ဖြေကြားရှင်းလင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။
ယနေ့ တွေ့ဆုံပွဲသို့ နေပြည်တော် (၈)မြို့နယ်မှ လူငယ် (၈၀၀)ကျော် တက်ရောက်ကြောင်း သိရသည်။
#MNP #News #International
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment