ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရင် ရုရှားကိုပိတ်ဆို့ထားတာတွေ ဖြုတ်ပေးနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရင် ရုရှားကိုပိတ်ဆို့ထားတာတွေ ဖြုတ်ပေးနိုင်


ဖေဖော်ဝါရီ - ၂၂ ( စနေနေ့ ) 

မနေ့က မော်စကိုမှာပြုလုပ်တဲ့ အနာဂတ်နည်းပညာဖိုရမ် မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ရုရှား၏ စီးပွားရေးနှင့် နည်းပညာကဏ္ဍများကို အမှတ်မထင် အားကောင်းစေခဲ့ကြောင်း ပြောသွားပါတယ်။ အကယ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်သွားပါက အနောက်နိုင်ငံကုမ္ပဏီတွေ ရုရှားနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာနိုင်မှာဖြစ်တဲ့ အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို မထိခိုက်အောင် ကာကွယ်ဖို့ကိုလည်း ပြောသွားပါတယ်။ 

“ကျနော်တို့တွေ ပိတ်ဆို့ အရေးယူမှုတွေကို ခံခဲ့ရပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒါတွေက ကျနော်တို့ကို ကျော်ဖြတ်နိုင်စွမ်းရှိအောင် လှုံ့ဆော်ပေးလိုက်သလိုပါပဲ။ ပိတ်ဆို့မှုတွေက ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သိပ္ပံနည်းပညာတွေ ပိုမိုပက်သက်အောင် လုပ်ပေးနေသလိုဖြစ်လာပါတယ်။ ရုရှားကုမ္ပဏီတွေဟာ [ပြည်တွင်း] သိပ္ပံပညာရှင်တွေဆီ တိုးပြီး သူတို့လိုအပ်တဲ့ ဖြေရှင်းချက်တွေကို ရယူနေပါတယ်။ ပြည်တွင်းဖြေရှင်းချက်တွေဟာ နိုင်ငံခြားကရွေးချယ်စရာတွေထက် ပိုထိရောက်မှု ရှိတတ်ပါတယ်”လို့ ဆိုပါတယ်။ 

ရုရှားနိုင်ငံကို စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကိုသာ ပြန်လာခွင့်ပြုမယ်လို့ ပထမလက်ထောက်ဝန်ကြီးချုပ် ဒီနစ်မန်တူရော့ဗ်က ကြာသပတေးနေ့ က ပြောပါတယ်။ အီးယူနဲ့ အမေရိကန်တို့က  ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နေချိန်တွင် ရုရှား က ပြည်သူ့ အကျိုးစီးပွားဝယ်ယူရေးစနစ် နဲ့ စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှု အစီအမံများကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး အပြောင်းအလဲများကို ချိန်ညှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ဖိုရမ်တွင် ရုရှားလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ နိုင်ငံခြားပြိုင်ဘက်များကြား အပြန်အလှန်ဆက်ဆံမှုဆိုင်ရာ မူဘောင်တစ်ခု ရေးဆွဲရန် အစိုးရအား ရုရှားသမ္မတပူတင်က ညွှန်ကြားခဲ့ပြီး ပြည်တွင်းထုတ်လုပ်သူများ၏ အားသာချက်များကို ပံ့ပိုးပေးရန် ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။  ပြည်တွင်းထုတ်လုပ်သူများအတွက် အဆင်သင့်ဖြစ်နိုင်သော အခြေအနေများရရှိရန် မရှိမဖြစ်လိုအပ်သောကြောင့် အဆိုပါလုပ်ငန်းစဉ်ကို ဂရုတစိုက်ဆောင်ရွက်သင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။


REF - RT

#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)