အမေရိကန်အောက်လွှတ်တော်တွင် မြန်မာ့ပြည်တွင်းရေး ပဋိပက္ခများနှင့်ပတ်သတ်၍
မမှန်မကန် စွပ်စွဲပြောဆိုမှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ကြေညာချက်
ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် တပိုတွဲလဆန်း (၉) ရက်
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် ကြာသပတေးနေ့
စာအမှတ်။ ။၁၄/မ မ ရ သ/ ၂၀၂၅
၁။ မေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်၏ လွှတ်တော်အမတ်များရုံးတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက် အင်္ဂါနေ့က မြန်မာနိုင်ငံအရေးနှင့်ပတ်သတ်၍ ကြားနာပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထိုကြားနာပွဲတွင် ပါဝင်သူများသည်မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို သေချာစွာ သိရှိနားလည်ခြင်းမရှိပဲ ပြည်ပြေး ပြည်ဖျက် ဝရမ်းပြေးအဖွဲ့များနှင့် လက်နက်ကိုင်သူပုန်များ သတင်းလိမ်မီဒီယာသများ အောက်တန်းစားတို့ ၏ မဟုတ်မမှန် လုပ်ကြံပြောဆိုခဲ့မှုများကို အခြေခံပြီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
၂။ ထိုကြားနာပွဲသို့ NUG အကြမ်းဖက်ခေါင်ဆောင် ဒူဝါလရှီလအား အွန်လိုင်းမှ ပါဝင်တက်ရောက် ခွင့်ပြုခြင်းသည် အမေရိကန်အောက်လွှတ်တော်အမတ်များမှ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွတ်ဖက်ခြင်း နှင့် အကြမ်းဖက် ပြည်ဖျက်အုပ်စုများကို အားပေး အားမြှောက် ပြုခြင်းပင် ဖြစ်သည်။
၃။ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်(USCIRF)ဥက္ကဌ စတီဖင်ရှန်ခ်( Stephen Schneck) က မြန်မာနိုင်ငံကို USCIRF က ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့နိုင်ငံ CPC အဖြစ် သတ်မှတ် ခဲ့သည်ဟုလည်းကောင်း၊ စစ်ကောင်စီသည် ဗုဒ္ဓဘာသာ အမျိုးသားရေးနိုင်ငံ ထူထောင်ဖို့အတွက် မြန်မာ နိုင်ငံမှ ဘာသာရေးအသိုက်အဝန်းအားလုံးကို ဖိနှိပ်တိုက်ခိုက်နေသည်ဟုလည်းကောင်း၊ ခရစ်ယာန်ဘာ သာဝင်တွေ အများဆုံး ထိခိုက်ခဲ့သည်ဟုလည်းကောင်း မမှန်မကန် လုပ်ကြံ ပြောဆိုခဲ့သည်။
၄။ NUG နှင့် PDF အကြမ်းဖက် အဖွဲ့တို့ကသာ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ် သည်။ ၎င်းအကြမ်းဖက်အဖွဲ့များသည် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များနှင့် သီလရှင်အပါး (၁၀၀) ကျော်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ပညာရေးဝန်ထမ်းကျောင်းဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း သတ်ဖြတ်ခဲ့ ကြသည်။ စုစုပေါင်း အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း (၈၆၀၀) ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။
၅။ မြန်မာ့တပ်မတော်သည် တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်း မှန်သမျှ အကြမ်း ဖက်လုပ်ရပ်များကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ၂၀၂၂ ခုနှစ်မှ စတင်၍ ဖိတ်ခေါ်ခဲ့ သည်။ မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သော်လည်း အဆိုပါလက်နက်ကိုင် အကြမ်းဖက် အဖွဲ့များသည် "သားစားကျား တရားဟောလို့ မရ" ဆိုကဲ့သို့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံကြပါ။ ပြည်ဖျက်အလုပ်များကိုသာ တစိုက်မတ်မတ် လုပ်ခဲ့ကြသည်။
၆။ သို့ဖြစ်၍ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်၏ လွှတ်တော်အမတ်များရုံးတွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သတ်၍ မမှန်မကန် စွပ်စွဲ ပြောဆိုမှုများအား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချကြောင်းသဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)
No comments:
Post a Comment