ဖေဖော်ဝါရီ - ၆ ( ကြာသပတေးနေ့ )
Covid-19 ကပ်ရောဂါကာလအတွင်း အခြေခံမူဝါဒသဘောထားကွဲလွဲမှုများကို ကိုးကားပြီးတော့ အာဂျင်တီးနား က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က WHO က နှုတ်ထွက်လိုက်သလိုမျိုး နှုတ်ထွက်တယ်ဆိုပြီး ကြေညာ လိုက်ပါတယ်။
အာဂျင်တီးနားသမ္မတ ဇေဗီယာမီလဲ့က WHO အနေနဲ့ ကိုဗစ်ကာလအတွင်း စစ်ဆေးစမ်းသက်မှု ပျက်ကွက်ခဲ့တာက အကြီးမှားဆုံး အမှားဖြစ်တယ်လို့ မနေ့က သူ့ရဲ့ X ဆိုရှယ် မီဒီယာအကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။ “ကွာရင်တိုင်း ( သီးခြားခွဲနေထိုင်ရမှု ) ကာလ အကြာကြီးဖြစ်ခဲ့တာက “ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော စီးပွားရေးကပ်ဆိုးများထဲမှတစ်ခု” ဖြစ်လာစေတယ်လို့ ၎င်းက ဆိုပါတယ်။ အာဂျင်တီးနား က ကိုဗစ်ကာလ အတွင်းမှာ လူပေါင်း ၁သိန်းခွဲလောက်သေဆုံးခဲ့ရပြီး အရင်အစိုးရ လက်ထက်မှာ လော့ဒေါင်း ( ပိတ်ဆို့ချထားမှု ) ကာလက လပေါင်းများစွာကြာခဲ့ တာကြောင့် စီးပွားရေးထိခိုက်မှု အကြီးအကျယ် ခံစားလိုက်ရပါတယ်။
အာဂျင်တီးနားသမ္မတ ပြောရေးဆိုခွင့်ရှိသူ မန်နျူရယ် အေဒေါနီ က နိုင်ငံခြားရေးဝန်ကြီး ဂျာရာဒို ဝါသိန်း ကို အာဂျင်တီးနား၏ နုတ်ထွက်မှုကို စတင်ရန် ညွှန်ကြားထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
"အာဂျင်တီးနားလူမျိုးတွေရဲ့အချုပ်အခြာအာဏာကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဝင်ရောက်စွက်ဖက်ဖို့ ခွင့်မပြုပါဘူး။ ကိုယ့်လူမျိုး ကျန်းမာရေးအတွက် အများကြီး မလုပ်ပေးနိုင်ဘူးဖြစ်ခဲ့ပါတယ်။ WHO ရဲ့ ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေ မရလို့လည်း ကျနော်တို့ရဲ့ အမျိုးသားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ထိခိုက် ရပ်တန့်သွားမှာ မဟုတ်ပါဘူး" လို့ အေဒေါနီက ဆိုပါတယ်။
လက်ရှိသမ္မတ မီလဲ့ က ကိုဗစ်ကာလတုန်းက လော့ဒေါင်းနဲ့ပတ်သက်ပြီး လပေါင်းများစွာကြာအောင် ချထားတာနဲ့ ပတ်သက်ပြီး ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ် ။ သူက အဲ့တုန်းက သမ္မတ အယ်ဘာတို ဖာနန်ဒက်ဇ် ကို ကွာရင်တိုင်း ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ လူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလို့တောင် စွတ်စွဲ ခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကလည်း WHO က ကူးစက်ရောဂါနှင့် အခြားနိုင်ငံတကာကျန်းမာရေး အကျပ်အတည်း များကို လွဲမှားစွာကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း နဲ့ အမေရိကန်အပေါ် "မမျှတသော ဝန်ထုပ်ဝန်ပိုး" ဖြစ်တဲ့ ရန်ပုံငွေ ပေးဆောင်ခိုင်တယ်လို့ စွတ်စွဲ ခဲ့ပါတယ်။
REF - RT
#MNP #News #International
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment