လက်နက်ရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုစသည့် တရားမဝင်လုပ်ငန်းများ တိုက်ဖျက်ရေးတို့တွင် မြန်မာ - ထိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်ရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုစသည့် တရားမဝင်လုပ်ငန်းများ တိုက်ဖျက်ရေးတို့တွင် မြန်မာ - ထိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး ဆွေးနွေး






နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maris Sangiampongsa သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်တွေ့ဆုံကာ မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆွေးနွေးပွဲကို Jasmine Nay Pyi Taw Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရေး၊ အထူးသဖြင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုစသည့် တရားမဝင်လုပ်ငန်းများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ညနေပိုင်းတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။

ခရီးစဉ်အတွင်း ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၁-၂-၂၀၂၅ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကို သွားရောက်ဖူးမြော်ကြပြီး ညပိုင်းတွင် ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အလုပ်သဘော ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)