မိုင်းရယ်၊ ဖေဖော်ဝါရီ ၇
မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀၀ ခန့်အကွာတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် ဖေ ၅ ရက်နေ့က စစ်ကြောင်းများဖြင့် ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် ၅ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်သမား၂ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ Type-56 သေနတ် ၂ လက်၊ Type-81 သေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ M-79 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ တရုတ်နိုင်ငံသား ကျား- (၇) မ- (၁) ဦး၊ မြန်မာနိုင်ငံသား ကျား- (၈) မ- (၄) ဦးတို့အား လက်နက်များနဲ့အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖော်ထုတ်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်းတွင် ကျားဖြန့်လုပ်ငန်းများလုပ်နေကြောင်း တာဝန်သိပြည်သူများမှ သတင်းပေးလာသဖြင့် သွားရောက်ရှင်းလင်းရာ နောင်ဟန်ရွာအနီး၌ မသင်္ကာဖွယ် တဲ ၇ လုံးအား တွေ့ရှိခဲ့ရပြီး တဲများအတွင်း ဝင်ရောက်ရှင်းလင်းရာ သေနတ် ၁ လက် (အမျိုးအစားစိစစ်ဆဲ)၊ ကျည် ၅ တောင့်၊ ကျားဖြန့်လုပ်ငန်းသုံး ဖုန်း ၁၈၁ လုံး၊ Laptop ၂၅ လုံး၊ Desktop ၂၁ လုံး၊ WIFI စက် ၂ လုံး၊ Starlink ၂ စုံ၊ ဆိုလာအကြီး ၈ ချပ်၊ ဘထ္ထရီ ၆ လုံး၊ Air cooler ၁ လုံး၊ ရေခဲသေတ္တာ ၁ လုံး တို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (ပုံများအား ထပ်မံဖော်ပြပါမည်)
ဖေဖော်ဝါရီလ (၆)ရက်နေ့ က ပြည်သူများ၏ သတင်းပေးမှုအရ မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀၀ ခန့်အကွာရှိ ကျားဖြန့်လုပ်ငန်းများအား ဆက်လက်ရှင်းလင်းရာ မိုင်းကောင်၏ အနောက်တောင်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌ ဗီယက်နမ် မ-(၁၈)ဦး၊ မြန်မာနိုင်ငံသား ကျား-(၂)ဦး၊ မ-(၂၅)ဦး၊ ပေါင်း (၄၅)ဦး၊ ကွန်ပျူတာ ၇၂ လုံး၊ Starlink ၅ စုံ၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးပစ်ဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စီး၊ တိုအား လည်းကောင်း။
မိုင်းကောင်၏ အနောက်တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာတွင် ထွက်ပြေး တိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ကျား-(၃)ဦး၊ မ-(၁)ဦး တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment