ဖေဖော်ဝါရီ - ၇ ( ကြာသပတေးနေ့ )
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ( UNHRC) ကနေ အမေရိကန် ထွက်တယ်လို့ ကြေညာပြီး နာရီပိုင်းအတွင်းမှာပင် အစ္စရေးကလည်း ထွက်တယ် လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာအာ က ကောင်စီသည် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစ္စရေးကို တိုက်ခိုက်ရုံမကဘူး ဂျူးဝါဒ ဆန့်ကျင်ရေးကို မြှောက်ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
သူရဲ့X ဆိုရှယ်မီဒီယာ အကောင့်မှာ “UNHRC က အခြားနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ လစ်လျူရှုနေပြီး အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီး လုပ်နေတာက အမှားကြီး လုပ်နေသလိုဖြစ်နေတယ်။ ကျနော်တို့ကို ခွဲခြားဆက်ဆံနေသလိုမျိုးဖြစ်နေတယ်” ဆိုပြီး ဝေဖန်ရေးသားတဲ့ပို့စ် တင်ထားပါတယ်။
အစ္စရေးသည် လူ့အခွင့်အရေးကောင်စီတွင် အမြဲတမ်း အစည်းအဝေးထိုင်ဖို့အတွက် အစီအစဉ်တစ်ခုမဟုတ်တစ်ခု ရှိနေတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး အစ္စရေးကို ရှုတ်ချတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါင်း ၁၀၀ ကျော်ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဆုံးဖြတ်ချက်အားလုံးရဲ့ ၂၀% ကျော်သည် အီရန်၊ ကျူးဘား၊ မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားတို့ ပေါင်းပြီးကျူးလွန်တာထက် ပိုများနေတယ်လို့ ၎င်းကဆိုပါတယ်။ ကောင်စီက “အရှေ့အလယ်ပိုင်းမှာရှိတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အစ္စရေးကို အစွဲအလမ်းကြီးစွာ ရှုံ့ချနေပါတယ်။ အစ္စရေးက အဲ့ဒိလို ခွဲခြားဆက်ဆံမှုကို ကြာကြာလက်ခံတော့မှာ မဟုတ်ပါဘူး” လို့ ဆာအာ ရေးတင်ခဲ့တာပါ။
UNHRC ကနေ အမေရိကန်က အင်္ဂါနေ့က နှုတ်ထွက်ခဲ့တာပါ။ အစ္စရေးကလည်း နာရီပိုင်းအကြာမှာ နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ဆက်လက်ပြီးပါဝင်လို့ ရ၊ မရ ပြန်လည် ဆန်းစစ်နေတဲ့ နောက်ထပ် ကုလသမဂ္ဂ အဖွဲ့တွေကတော့ ကုသမဂ္ဂ ပညာရေး၊ သိပ္ပံ နဲ့ယဉ်ကျေးမှု အဖွဲ့ UNESCO (ယူနက်စကို) နဲ့ ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ ကုသမဂ္ဂကယ်ဆယ်ရေးနဲ့ လုပ်ငန်းခွင်များအဖွဲ့ UNRWA တို့ပဲ ဖြစ်ပါတယ်။
UNRWA ကတော့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်အဖွဲ့က လုပ်ဆောင်ခဲ့တဲ့ အစ္စရေးတောင်ပိုင်း တိုက်ခိုက်မှုမှာ အေဂျင်စီဝန်ထမ်းတွေ ပါနေတာကြောင့် UNRWA ထဲမှာ အကြမ်းဖက်သမားတွေ စိမ့်ဝင်နေတယ်လို့ သံသယရှိနေကြောင်း၊ UNHRC ကတော့ လူ့အခွင့်အရေးချိုးဖောက်သူများကို အကာအကွယ်ပေးထားကြောင်း၊ UNESCO က “မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရန်” ပျက်ကွက်ခဲ့ပြီး အစ္စရေးဆန့်ကျင်ရေးစိတ်ဓာတ်များကို လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အဆက်မပြတ် ပြသနေခဲ့တယ်လို့ အမေရိကန်အစိုးရဘက်က ဝေဖန်ထားပါတယ်။
REF - RT
#MNP #News #International
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment