အမေရိကန်က ယူကရိန်းမြေရှား သတ္တုတွေ တောင်းလို့ ဂျာမန်အဓိပတိကြီးပေါက်ကွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်က ယူကရိန်းမြေရှား သတ္တုတွေ တောင်းလို့ ဂျာမန်အဓိပတိကြီးပေါက်ကွဲ


ဖေဖော်ဝါရီ - ၁၁ ( အင်္ဂါနေ့ ) 

ရုရှား - ယူကရိန်း စစ်ဖြစ်တော့ အနောက်ဒီမိုကရေစီအင်အားစုတွေက ယူကရိန်းဘက်က ရပ်တည်ပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေကို ထောက်ပံ့ခဲ့ပါတယ်။ အဲ့ဒိထဲမှာ အများဆုံးကတော့ အမေရိကန်နိုင်ငံကပါပဲ။ အမေရိကန် အရင်အစိုးရ ဘိုင်ဒန်က ကန်ဒေါ်လာ သန်းပေါင်များစွာကို ဝါဒရေးရာ အခြေခံပြီး ယူကရိန်းကို ကူညီခဲ့ပေမဲ့ လက်ရှိထရမ့်အစိုးရကတော့ စီပွားရေးကို အကျိုးမျှော်ပြီး ယူကရိန်းကို လက်နက်တွေ ဆက်လက်ပြီး ပံ့ပိုးပေးရမယ်ဆိုရင် သေချာခိုင်မာတဲ့ အာမခံမှုတစ်စုံတရာကိုတောင်းနေပါတယ်။ 

ယူကရိန်းဘက်က စဉ်းစားလို့ မရသေးခင်မှာပဲ ထရမ့်အစိုးရက ယူကရိန်းမှာရှိတဲ့ မြေရှားသတ္တုသိုက်တွေကို တူးခွင့်ရရင် လက်နက်အကူအညီ ဆက်ပေးမယ်လို့ ဆိုလာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်တွေရဲ့ တောင်းဆိုချက်ကို လိုက်လျော သဘောတူလိုက်ရပါပြီ။ 

အဲ့ဒါနဲ့ပတ်သက်ပြီး ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးဇ် က အကြီးအကျယ် ပေါက်ကွဲပြီး ထရမ့်အစိုးရကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်လိုက်ပါတယ်။ သောကြာနေ့ကလုပ်ခဲ့တဲ့  (RND)ရုပ်သံနဲ့ အင်တာဗျူးမှာ ရှိုးဇ် က "ယူကရိန်းက တိုက်ခိုက်ခံနေရတယ်လေ။ အဲ့ဒါကို ကျနော်တို့က အခမဲ့ ကူညီဖို့ လိုအပ်တယ်။ သူတို့ဆီကနေ ခေါင်ပုံဖြတ်အမြတ်ထုတ်ပြီး မရပ်တည်သင့်ဘူး။ ဒါက လူတိုင်းရဲ့ သဘောထားဖြစ်ကို ဖြစ်ရပါမယ်” လို့ ဆိုပါတယ်။ 

“ အခု ကျနော်တို့ ယူကရိန်းကို လက်နက်၊ ငွေသား နဲ့ လူသားချင်းစာနာမှုအကူအညီ အတွက် ကန်ဒေါ်လာ ၁၇ ဘီလီယံ ကျော်ပေးထားပြီးပါပြီ။ ကျနော်တို့နိုင်ငံမှာရှိတဲ့ လက်နက်ထုတ်စက်ရုံတွေက နေ့မအား၊ ညမအား တောက်လျှောက်ထုတ်နေရတယ်“ လို့ သူကဆိုပေမဲ့ ယူရိန်း-ရုရှား စစ်ပွဲ စဖြစ်ပြီးကတည်းကနေ ဒီနေ့အထိ ဂျာမန်လက်နက်စက်ရုံတွေရဲ့ စတော့ ဈေးကွက်ထဲမှာ ရာခိုင်နှုန်း ၈၀၀ ကျော်အထိ တက်သွားပါပြီ။ လီယိုပတ် တင့်ကားထုတ်လုပ်တဲ့ စက်ရုံတွေမှာ အမှာစာတွေအများအပြား ရောက်နေပြီး မနှစ်က ဒုတိယနှစ်ဝက်ဝင်ငွေက ယူရို သန်း ၁ ထောင်ကျော်ကျော် ဝင်ခဲ့ပါတယ်။ နောက်ထက်ရောက်လာတဲ့ အမှာစာက ၅၄ ဘီလီယံကျော်ဖို့အထိ ရှိလာလို့ အမြတ်ငွေ ၄၄% တောင်တက်လာနေပါတယ်။ 

“ကျနော်ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်ခြားမျဉ်းတွေကို အင်အားသုံးပြီး ရွှေ့ပြောင်းခွင့်မရှိရပါဘူး။ ဒါက နိုင်ငံတကာရဲ့လုပ်ထုံးလုပ်နည်းပါ။ ထရမ့်ကရောဘာထူးလဲ၊ ယူကရိန်းဆီက မြေရှားသတ္တုတွေ ပြောင်တောင်းတယ်။ ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို တောင်းတယ်။ ဂါဇာက ပါလက်စတိုင်းတွေကိုမောင်းထုတ်ပြီး အမေရိကန်ပိုင်မြေလုပ်ချင်တယ်။ ဒါတွေက ဘာနဲ့တူသလဲဆိုတော့ အင်အားသုံးပြီ နယ်မြေချဲ့ထွင်နေတာနဲ့ တူနေတယ်” လို့ ဆိုသွားပါတယ်။ 


REF - RT

#News #MNP  #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)