နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေးချမ်းသာအုပ်စု၊ အုတ်ဖိုရှောင်း ကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးတွင် ပစ်ခတ်ရန်ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံးတစ်လုံး တွေ့ရှိခဲ့ရသည်။
ယနေ့နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်က ကို×××× ရေကာအုပ်စု၊ ဗွက်ကြီးရိုးကျေးရွာ၊ လယ်ဝေးမြို့နယ်နေသူမှ လှည်းမောင်းစဉ် ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရှိခဲ့သဖြင့် ရေကာအုပ်ချုပ်ရေးမှုးထံ အကြောင်းကြားခဲ့ကြောင်း၊ ဖြစ်စဉ်နေရာသို နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် နေပြည်တော် နယ်လုံဝန်ကြီး ဗိုလ်မှုးကြီး ရဲမိုး အပါဝင် လုံခြုံးရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment