ငပုတောမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁,၇၈၈) ဦး ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁,၇၈၈) ဦး ဖြေဆိုမည်


ငပုတော၊ ဖေဖော်ဝါရီ ၂၆

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ စာစစ်ဌာန(၁၄)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၁,၇၈၈ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း ငပုတောမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ငပုတောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၄)ခုဖြင့် ဖြေဆိုကျင်းသွားမည်ဖြစ်ကာ ငပုတောမြို့နယ် အ.ထ.က-ငပုတော စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ(၃၉၇)ဦး ၊ အ.ထ.က ကမ်းနီ စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ (၈၅)ဦး၊ အထက ကျောက်ချောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၇၆)ဦး၊ အထက ကျုံကူး စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၁၆၅) ဦး၊ အ.ထ.က ကံချိုင်စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၉၉)ဦး၊ အ.ထ.က ငရုပ်ကောင်း စာစစ်ဌာနတွင် ကျောင်းသား‌၊ ကျောင်းသူ (၁၁၀)ဦး၊ အ.ထ.က ဆင်ကူးကြီး စာစစ်ဌာနတွင် ကျောင်းသား ၊ ကျောင်းသူ(၁၀၇)ဦး၊ အ.ထ.က ပြင်ခရိုင် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၄)ဦး၊ အ.ထ.က တောင်ကလေး စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၈၅)ဦး၊ အ.ထ.က မန်ကျည်းပင် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၆၇)ဦး၊ အ.ထ.က ကျောက်ကလပ် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၉၆)ဦး၊ အ.ထ.က သင်္ကန်းကုန်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၆)ဦး၊ အ.ထ.က ဟိုင်းကြီး စာစစ်ဌာနတွင် ကျောင်းသား ၊ ကျောင်းသူ (၁၂၂)ဦး၊ အ.ထ.က အုန်းချောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၄၉)ဦး၊ စုစုပေါင်း (၁,၇၈၈)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(ဖောင်)များ တင်ထားပြီးဖြစ်ကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာမ/ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး အချိန်ပိုသင်ကြားရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုချိန် နေ့ရက်များတွင် စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အောင်သူ 

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)