ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပေါက်ကံစက်မှုဇုန်ခန်းမ၌ အခြေခံအလုပ်သမား အဖွဲ့အစည်းများနှင့်တွေ့ဆုံ၊ အထည်ချုပ်စက်ရုံများ ကွင်းဆင်းအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပေါက်ကံစက်မှုဇုန်ခန်းမ၌ အခြေခံအလုပ်သမား အဖွဲ့အစည်းများနှင့်တွေ့ဆုံ၊ အထည်ချုပ်စက်ရုံများ ကွင်းဆင်းအားပေး


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံစက်မှုဇုန်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်စေရန် စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်နိုင်ကြောင်း၊ အလုပ်သမားများနှင့် အလုပ်ရှင်များ၏ အကျိုးကို ဆောင်ရွက်နိုင်ရန် အလုပ်သမား အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင် အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း။

အလုပ်သမားအဖွဲ့အစည်းအသီးသီးသည် အဖွဲ့အစည်းဝင် အလုပ်သမားရရှိသည့် လုပ်ခ လစာ၏ နှစ်ရာခိုင်နှုန်းထက်မများသော လစဉ်ထည့်ဝင်ကြေး၊ အလုပ်သမားအဖွဲ့အစည်းများက တာဝန်ယူလုပ်ကိုင်သော ယဉ်ကျေးမှုနှင့် အားကစားလုပ်ငန်းများမှ ဝင်ငွေ၊ သက်ဆိုင်ရာ အလုပ်ရှင်က လှူဒါန်းသောငွေတို့ဖြင့် ရန်ပုံငွေ ထူထောင်ခွင့်ရှိကြောင်း၊ ရန်ပုံငွေကို ဖွဲ့စည်းပုံစည်းမျဉ်းများတွင် ဖော်ပြထားသော လူမှုသက်သာ ချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း စသည့်ကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များအတွက် ရည်ရွယ်ခေါ်ယူ ကျင်းပသော အဆိုပါအလုပ်သမားအဖွဲ့အစည်း၏ အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင် အများစုက အတည်ပြုချမှတ်ထားသည့် ကိစ္စရပ်များတွင်သာ သုံးစွဲနိုင်ပြီး သက်ဆိုင်ရာအလုပ် အမှုဆောင်အဖွဲ့သည် မိမိအဖွဲ့အစည်း၏ ရန်ပုံငွေကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တစ်ခုခုတွင် ဘဏ်စာရင်းဖွင့်လှစ်ထားရှိရမည်ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းသည် ယင်းတို့၏ အဖွဲ့ဝင် အင်အားစာရင်း၊ အဖွဲ့ပိုင်ပစ္စည်း စာရင်းနှင့် ငွေစာရင်းကို နှစ်စဉ် ပုံမှန်စစ်ဆေးရာတွင် စာရင်း စစ်ဆေးပိုင်ခွင့်ရှိသော အသိအမှတ်ပြုလက်မှတ်ရ ပုဂ္ဂိုလ် သို့မဟုတ် ယင်းပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးရ မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရွှေပေါက်ကံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ များဖြစ်သည့် SHINSUNG နှင့် KPH Co.,Ltd. စက်ရုံများသို့ သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)