ပေါင်၊ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေပညာဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ပညာဘာသာရပ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေပညာဘာသာရပ်ကို သိရှိလိုက်နာစောင့်ထိန်းကြရသည့် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းကမ်းကျင့်စဉ်ကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ထို့ကြောင့်ဥပဒေပညာဘာသာရပ်ကို လူတိုင်းသိအပ်၊တတ်အပ်သောပညာရပ်ဟုဆိုရမည်ဖြစ်သည်။နိုင်ငံသားတိုင်းသည်နိုင်ငံတော်ကထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းကြရမည်။ ဥပဒေနှင့်ငြိစွန်းသောကိစ္စရပ်များကို လူတိုင်းမပြုလုပ်ကြရန် အလေးထားရှောင်ရှားကြရမည်ဖြစ်သည်။ဥပဒေက မလုပ်ရန်၊ရှောင်ရှားကြရန်တားမြစ်ထားသောပြဋ္ဌာန်းချက်များကို မလိုက်နာပါက ဥပဒေ၏ပြစ်ဒဏ်ပေးခြင်းတို့ကိုခံစားကြရမှာဖြစ်ပါကြောင်း၊ ဥပဒေအသိပညာပြန့်ပွားပေးရခြင်းမှာ နိုင်ငံသားတိုင်းဥပဒေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေအသိအမြင်၊ဥပဒေအတွေးအခေါ်၊ဥပဒေစိတ်ထားများ၊ဥပဒေစကားများပိုမိုပေါ်ထွန်းလာစေရေးတို့အတွက်ရည်ရွယ်ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ၊ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀ခုနှစ်)၊လောင်းကစားဥပဒေ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ဆက်သွယ်ရေးဥပဒေ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊နိုင်ငံဝန်ထမ်းဥပဒေ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတို့ကို ဟောပြောပို့ချခဲ့ပြီး မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ၎င်းကိုယ်ပိုင်စာအုပ်များကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊အမိန့်နှင့် ကြေညာချက်များ ၄၃၇ မျိုးကို မြို့နယ်ဦးစီးမှူးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲသို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံးဦးမြင့်အောင်နှင့် ပြည်နယ်ဥပဒေအရာရှိ၊လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊သထုံခရိုင်ဥပဒေအရာရှိနှင့်ဝန်ထမ်းများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ဥပဒေအရာရှိနှင့် ဝန်ထမ်းများ ၊ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၁၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
မွန်မလေး
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment