နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ နယ်၊ ငါ့နန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ငါ့နန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦး ကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများကသာ မြင်းခြံမြို့နယ် အတွင်း ၎င်းတို့ကိုထောက်ခံအားပေးခြင်းမရှိသည့် မြို့ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးလျက်ရှိသည့်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများမှ တစ်ဆင့် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment