မျိုးဆက်သစ်အဆိုပညာရှင်များ ပေါ်ထွက်လာစေရေး တပ်ကုန်းမြို့နယ်ဂီတအစည်းအရုံးမှ ဦးဆောင်ကျင်းပသည့် သီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးဆက်သစ်အဆိုပညာရှင်များ ပေါ်ထွက်လာစေရေး တပ်ကုန်းမြို့နယ်ဂီတအစည်းအရုံးမှ ဦးဆောင်ကျင်းပသည့် သီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ




တပ်ကုန်း , ဖေဖော်ဝါရီ ၂၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ပထမအကြိမ် သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲ ကျင်းပလျက်ရှိရာ သီချင်းဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပြိုင်ပွဲတွင် ဆန်ကာတင် ၁၂ ဦး ရွေးချယ်ပြီး ဆန်ကာတင် ၁၂ ဦး ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် စျေးရောင်းပွဲတွင် လူသုံးကုန်ပစ္စည်း၊ မီးဖိုချောင်သုံးကုန်ပစ္စည်း၊ အစားအသောက်နှင့် ကလေးကစားစရာအမျိုးမျိုးတို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရွက်ပုန်းသီးအဆိုပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ဝါသနာတစ်ရပ်အနေမဟုတ်ဘဲ စည်းဝါးမှန်ကန်စွာ သီဆိုတတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အဆိုပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း  မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌထံမှ သိရသည်။


တင်စိုးလွင်

#News #MNP

join -https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)