ပဲခူးတက္ကသိုလ်၌ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာမြှင့်တင်ဟောပြောပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတက္ကသိုလ်၌ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာမြှင့်တင်ဟောပြောပွဲ ကျင်းပပြုလုပ်









ပဲခူး၊ ဖေဖော်ဝါရီ ၁၉

ပဲခူးတက္ကသိုလ် Community Centre၌ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်၊ ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာမြှင့်တင်ဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင် က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ကြေညာထားသော အစားအသောက်များကို စားသောက်ခြင်းမပြုရန်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အစားအသောက်ဘေးအန္တရာယ်ကင်းရေးအတွက် လိုက်နာရမည့် အဓိကအချက်(၅)ချက်၊ Onlineမှ တရားမဝင်ဖြန့်ဖြူးရောင်းချနေသော အလှကုန်များကို မသုံးစွဲရန်၊ FDAအသိအမှတ်ပြု အလှကုန်များကိုသာ ရွေးချယ်သုံးစွဲရန်၊ ဓာတ်မတည့်မှုများနှင့်အစားအသောက်တွင် သုံးစွဲခွင့်မပြုသော ဆိုးဆေးအန္တရာယ်၊ တားမြစ်တာရှည်ခံဆေးများနှင့် အစားအသောက်ဘေးကင်းစေရေးအတွက် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်ပါရှိသော ဆေးဝါးများကိုသာ သောက်သုံးရန်၊ ပဋိဇီဝပိုးသတ်ဆေး၊ သွေးတိုးကျဆေး၊ ဆီးချိုထိန်းဆေးစသည့်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူသောက်သုံးရန်၊ ဆေးအတု၊ တရားမဝင်ဆေးဝါးနှင့် စပ်ဆေးများကို ရှောင်ရှားမှသာ ဆေးယဥ်ပါးမှုအန္တရာယ်နှင့် ဆေးဝါးကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ အလှကုန်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျန်းမာရေးထိခိုက်နိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားသည်အထိ ဆိုးကျိုးများကြုံတွေ့နိုင်ကြောင်း၊ FDAအနေဖြင့် သုံးစွဲရန်မသင့် ဓာတုပစ္စည်းများပါဝင်ခြင်းကို web siteမှ အချိန်နှင့်တပြေးညီကြေငြာပေးလျှက်ရှိခြင်းနှင့် ပတ်သက်၍ ဟောပြောသည်။

ထို့နောက် ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာ

အချက်အလက်များနှင့် လုပ်ငန်းရှင်များ လိုက်နာရန်အချက်များအား အသိပညာပေးဟောပြောပြီး အခမ်းအနား တက်ရောက်လာကြသူများမှ သိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစာဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များသည် ပဲခူးတက္ကသိုလ်စီမံခန့်ခွဲရေး၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တိုနှင့် ပူးပေါင်းပြီး ပဲခူးတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင်များအား စစ်ဆေးရာ သန့်ရှင်းမှုရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရောင်းချနေသည်ကို တွေ့ရှိရပြီး အစားအသောက် နမူနာအားဝယ်ယူကာ ရွေ့လျားဓာတ်ခွဲယာဥ်ရှိ တစ်ခါသုံးTest Kitများဖြင့် ချက်ချင်းစစ်ဆေးရာ အစားအသောက်တွင် ခွင့်မပြုဓာတုဆိုးဆေး၊ တာရှည်ခံဆေးများ မတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

#MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)