ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၃)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်သည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးတက်ရောက်ပြီး ရလဒ်ကောင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အစီအမံ (Action Plan)အချက်များအနက် တိုးမြှင့်ရရှိခဲ့သည့်အချက်များ၊ ကျန်ရှိနေသည့်အချက်များနှင့် FATF ၏ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးမည့်အချက်များကို ကြိုတင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက FATF ၏ Recommendation အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သွားမည့်အချက်များ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများမှ Financial Investigation များကိုပါ Parallel ဆောင်ရွက်ခြင်းဖြင့် Proceed of Crime များကို ပိုမိုပူးပေါင်းဖော်ထုတ်သွားမည့် လုပ်ငန်းစဉ်များ၊ ဌာနအလိုက် ရယူလိုသည့် နည်းပညာအကူ အညီများနှင့် ယခုလအတွင်းပြုလုပ်မည့် FATF ၏ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးပြောကြားမည့်အချက်များကို ကြိုတင်ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)