ဖေဖော်ဝါရီ - ၁၂ ( ဗုဒ္ဓဟူးနေ)
ယူကရိန်းစစ်တပ်ဘက်ကနေ ရုရှား ကို တိုက်ပေးနေ ပြီး ယူကရိန်းစစ်တပ်ထဲမှာ သူရဲ့ကောင်းကြီးလုပ်နေတဲ့ ဂျာမန်ကြေးစားစစ်သားက မုဒိမ်းမှုနဲ့ အဖမ်းခံရမှာကြောက်ပြီး ထွက်ပြေးသွားတဲ့ လူပါလို့ ဂျာမန်သတင်းစာ ဒါစပိုက်ဂျဲ က ဖော်ပြလိုက်ပြီးနောက်မှာတော့ သူ့ကိုဖမ်းဆီးလိုက်တယ်ပါတယ်။
ဂျာမန်စစ်သားဟောင်း Ben R. ဟုသာ သတ်မှတ်ခံရပြီး မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအပြင် ဂျာမနီတွင် ကလေးညစ်ညမ်းရုပ်ပုံများကို လက်ဝယ်ထားရှိကာ ယူကရိန်းတွင် အရွယ်မရောက်သေးသူအား မုဒိမ်းကျင့်မှုဖြင့် စွပ်စွဲခံနေရတယ်လို့ ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒိလူကို ယခုအခါ ဂျာမနီနိုင်ငံသို့ လွှဲပြောင်းရေး အတွက် ပြင်ဆင်နေတယ်လို့ ဂျာမန်နိုင်ငံ Bavaria ပြည်နယ်ရှိ ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးကို ကိုးကားပြီး ဒါစပိုက်ဂျဲ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူ့ရဲ့ အမှုနဲ့ ပတ်သက်ပြီး သတင်းစာက အသေးစိတ် ဆောင်းပါးတစ်စောင်ဖော် ပြပြီးနောက် မှာတော့ ၎င်းက ယူကရိန်းနိုင်ငံကို ထွက်ပြေးသွားကာ စစ်မှုထမ်းနေတာပဲ ဖြစ်ပါတယ်။ သူက ဂျာမန်စစ်တပ်ထဲမှာ ၁၂နှစ်စာချုပ်နဲ့ ၂၀၁၃ ခုနှစ်ကတည်းက စစ်မှုထမ်းခဲ့တာပါ။
မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၄ ကြိမ်ထက်မနည်း အတိုင်ခံရပြီးနောက်မှာတော့ ၂၀၂၁ မှာ စစ်တပ်က ၎င်းကို စုံစမ်းစစ်ဆေးမှုတွေ စလုပ်ခဲ့ပါတယ်။ အဆိုပါ တိုင်းကြားသူအမျိုးသမီး ၄ ဦးထဲက ၂ ဦးမှာ တိုင်းကြားချက် များကို ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ ၁ ဦးက ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းဌာနကို ပြောကြား သွားပါတယ်။ သူနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကလည်း အကြောင်းအမျိုမျိုးကြောင့် ရပ်တန့်သွားတယ်လို့လည်း သတင်းစာက ဖော်ပြပါတယ်။
အမေရိကန် ကလေးပျောက်ဆုံးမှုနဲ့ အမြတ်ထုတ်ခံရမှု စုံစမ်းရေးဌာနက ဂျာမန်ရဲတွေကို အဲ့ဒိလူရဲ့ လုပ်ရပ်တွေထဲက ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာကျူလွန်မှု ဗီဒီယိုများ အွန်လိုင်းမှာရောင်းစားနေတယ်လို့ သတင်းပေးပြီးနောက်မှာတော့ ဂျာမန်ရဲတွေက သူ့အိမ်ကို ဝင်စီးပြီး ဗီဒီယိုဖိုင်တွေ သိမ်းထားတဲ့ ဟတ်ဒ်ရိုက်တွေကို သိမ်းဆည်းခဲ့ပါတယ်။ Ben R ၏တိုက်ခန်းမှဖမ်းဆီးရမိသောပစ္စည်းများ တွင် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပြသသည့် "စုစုပေါင်းဓာတ်ပုံ ၅၇၀၀ နှင့် ဗီဒီယို ၄၂၀ ဝန်းကျင်" ပါရှိကြောင်း ဒါစပိုက်ဂျဲ ရဲ့ အဆိုအရ သိရပါတယ်။
REF - RT
#MNP #News #International
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment