ပေါင်၊ ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် (၅း၃၀)နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ အလံတင်အခမ်းအနားသို့တက်ရောက်လာသူများနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့က နေရာယူကြပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို လွှင့်တင်အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နံနက် ( ၇ )နာရီတွင် ဝါရီရူခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ၂၀၂၅ ခုနှစ်၊( ၇၈ )နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ကဖတ်ကြားသည်။
ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများက ပြည်ထောင်စုနေ့ နှင့်သက်ဆိုင်သောတေးသီချင်း တို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ( ၇၈ )နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အတွက်ကျင်းပခဲ့သည့် မြို့နယ် အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပေါင်မြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင်၊ပြည်နယ်ဂုဏ်ဆောင်၊မြို့နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ မိမိတို့ပင်မလုပ်ငန်းများထူးချွန်စွာထမ်းဆောင်ခဲ့သည်ဌာနဆိုင်ရာ (၄)ဦး၊ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ထူးချွန်စွာတာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးမှူး ( ၅ ) ဦးအား အုပ်ချုပ်မှုဆိုင်ရာထူးချွန်ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
မွန်မလေး
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment