နေပြည်တော်၊ ဖေဖော်ဝါရီလ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၊ မင်္ဂလာဒုံ(အောင်ဆန်းသူရိယလှသောင်းကျောင်း)၏ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၊ ပညာရည်ချွန်ဘက်စုံထူးချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူ များ၏ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းဖြင့်လည်းကောင်း၊ “ဇေယျာကမ်း အလှပန်းချီ ” သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြပြီး တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဘက်စုံထူးချွန်လူရည်ချွန်ဆု ရရှိကြသူများ၊ (၂၅)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိကြသူများ၊ ဂုဏ်ထူးရရှိကြသူများ၊ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် စံပြဆုရရှိကြသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KG တန်းမှ Grade(11) ထိ ဆုရရှိကြသူများ၊ တိုင်း/မြို့နယ်အဆင့်တို့တွင် ဆုရရှိကြသူများ၊ သင်္ချာ/ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများ၊ မြန်မာ/အင်္ဂလိပ်စာ ကျပန်းစကားပြိုင်ပွဲများ၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ MITV Quiz Time ပြိုင်ပွဲ၊ Mic Up English Speaking ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲ တို့တွင် ဆုရရှိကြသူများ၊ ကျောင်းသန့်ရှင်းရေးအကောင်းဆုံးဆုရရှိကြ သော အတန်းများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခွင့်ပျက်ရက်မရှိ ကျောင်းတက်ရက်မှန် ဆုရရှိကြသော ဆရာ၊ ဆရာမများ၊ အကောင်းဆုံးဝန်ထမ်းဆုရရှိကြသူများ၊ သိပ္ပံတီထွင်မှု ဆုရရှိသော ကျောင်းသားတစ်ဦးတို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများ ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News #Education
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment