၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆိုပါအချိန်က နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ကိုက်ညီပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ပထမဆုံးဖြစ်သည့် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဆိုသည့် အချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကိုဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိကြောင်း၊ အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေသည်ကိုတွေ့ရကြောင်း၊ ၆ လတာကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုကိုကြည့်မည် ဆိုပါကအပြစ်မဲ့ပြည်သူ/ နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာရေး/ ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၅၁၆ လုံးတို့ကို ဖျက်ဆီးခြင်းခံခဲ့ရကြောင်း၊ အစီရင်ခံသည့် ကာလအတွင်း ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များ နှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ်၊ ကတိုင်တိန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ KNU အကြမ်းဖက်သောင်းကျန်းသူများဟာ PDF တွေနဲ့ပေါင်းပြီး ဒေသ၊ မဲပလီဒေသ၊ အနန်းကွင်း ဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း-ရခိုင် ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း။
အဆိုပါအကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အချို့က လူထု၏ စိတ်ခံစားချက်ကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့ခြင်း က အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ အနေဖြင့်လည်း နိုင်ငံ၏နိုင်ငံရေးအကြပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက် ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ပြည်တွင်းပြည်ပမှ နိုင်ငံတော်အကျိုးကို မလိုလားသည့် ပြည်ဖျက်မီဒီယာ များနှင့်ပူးပေါင်းပြီး မဟုတ်မမှန်သတင်းများကိုလည်း ဝါဒဖြန့်ခဲ့ကြကြောင်း၊ နိုင်ငံ တစ်ဝန်းလုံး အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် အချိန်ကိုက် ဟန်ချက်ညီညီဖြင့် လှုံ့ဆော်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ပြင် ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းနှင့် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့်နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက် မှုများ ပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါဖြစ်ရပ်များ၏ အကျိုးမည်သူများ ရရှိခံစားရပါလဲ၊ မည်သူမှမရပါကြောင်း၊ နိုင်ငံ၏ဆုံးရှုံးမှုများသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟုဆိုပြီး လှုံ့ဆော်အားပေးနေသည့် နိုင်ငံများ၊ လူပုဂ္ဂိုလ်များစဉ်းစားကြရန်လိုကြောင်း၊ ဥပမာတစ်ခုအနေဖြင့် ပေးရမည် ဆိုပါက ပြီးခဲ့သည့်နှစ်က လွိုင်ကော်မြို့ကို KNPP ၊ PDF အဖွဲ့များ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့က တက္ကသိုလ်အဆောက်အဦများ ထိခိုက် ပျက်စီးပြီး ကျောင်းပိတ်ခဲ့ရကြောင်း၊ လွိုင်ကော်တက္ကသိုလ်က အဆောက်အဦ ၄၄ လုံး ပျက်စီးခဲ့ပြီး ၎င်းတို့ကိုပြုပြင်ရန် ကျပ် ၉ ဘီလီယံခန့် ကုန်ကျရန်ရှိကြောင်း၊ အဆိုပါ ကုန်ကျစရိတ်သည် မူလတန်းကျောင်းအသစ်များစွာ ဆောက်လုပ်နိုင်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်း၏ ပျက်စီးမှုကိုသာတွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ကျန် တက္ကသိုလ်၊ ကျောင်းများ၊ ဈေး၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများပါ ထည့်သွင်းတွက်ချက်ပါက ဘီလီယံပေါင်းများစွာရှိဦးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကြောင်းပြပြီး မိုက်မဲစွာ ဆောင် ရွက်မှုကြောင့် ဒေသခံများသာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စွန့်လွှတ်စွန့်စားစွာဖြင့် အဆိုပါအကြမ်းဖက်သမားများကို ရှင်းလင်းခဲ့ရကြောင်း။
ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီးဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် လုပ်နိုင်စွမ်းရှိသူများသည် အဆိုပါဒေသ တွင်နေထိုင်ကြသည့် ဒေသခံများနှင့် ဒေသခံအကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ ထိုသို့လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များကို နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံးက ရှုတ်ချနေကြပြီး ရပ်တန့်သွားအောင် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကိုလိုလား သည့် ဒေသခံပြည်သူနှင့်ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူ တစ်ဦးချင်းစီနှင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လုံခြုံရေးအသိ ရှိရှိ ဆောင်ရွက်နိုင်ရန် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ခြင်းကြောင့် အများပြည်သူလုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြည်သူများအနေဖြင့် သတင်းများပေးကြရန်လိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်း ချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် အဖက်ဖက်မှ ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် စစ်မှန်သည့်ပြည်သူ့ဆန္ဒကို ဖော်ပြနိုင်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲ မည်မျှပေးမှသာ ရွေးကောက်ပွဲဖြစ်မြောက်မည်ဟု ပြဋ္ဌာန်းထားခြင်းမရှိသည်ကိုလည်း တွေ့ရပါကြောင်း၊
ပြည်သူလူထု၏ စစ်မှန်သည့်လိုလားချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကသာ စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ စည်းစနစ်ကျနမှုရှိပြီး လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲဖြစ်ရန်၊ သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရအောင် အဖြစ်နိုင်ဆုံးဆောင်ရွက်ပေးရန်လည်းလိုကြောင်း၊ အဆိုပါအချက်များဖြစ်ပေါ်ရန် နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းပြီးလုံခြုံမှုရှိရန် အရေးကြီးခြင်းကြောင့် တပ်မတော်နှင့်လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ရည်မှန်းထားသည့် ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရန် ရပ်ရွာဒေသများ အေးချမ်းသာယာရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးရေးကို ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
#MNP #News #Talk
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment