ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် ဘုရားဖူးပြည်သူ ယခင်နှစ်ကထက် များပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် ဘုရားဖူးပြည်သူ ယခင်နှစ်ကထက် များပြား

 


ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလျက်ရှိရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခု နှစ်တွင် ယခင်နှစ်ကထက် လာရောက်ဖူးမြော်သူ ပိုမိုများပြားကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ် ဘုရားပွဲတော်ကာလမှာ ပြည်တွင်းပြည်ပ ဘုရားဖူး စုစုပေါင်း ၇၂၆၆၆၄ ဦး ရှိခဲ့တယ်။ ဒီနှစ်မှာတော့ ပွဲတော်အစ အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့) ကနေ ဖေဖော်ဝါရီ ၁၂ ရက်အထိ ဘုရား ဖူး ၈၀၀၀၀၀ ကျော်ပြီး ပြည်တွင်းဘုရားဖူး ၇၈၁၂၈၆ ဦးနှင့် ပြည်ပ ဘုရားဖူးက ၂၃၀၆၆ ဦး ရှိပါတယ်။ နိုင်ငံခြားသား ပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်က အများဆုံးပါပဲ” ဟု စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အန္တရာယ် ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်တက်မော်တော် ယာဉ် အစီးရေ ၁၅၀ ကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများ ကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။

ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင် တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေ သည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူ များပြားလျက်ရှိကြောင်း တွေ့ရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)