ခန္တီးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



ခန္တီး၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၂၀၂၅ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် စစ်ကြောင်းမှူးကဦးဆောင်၍ အားကစားအသင်းများမှ ချီတက်အလေးပြုခြင်းများပြုလုပ်ကာ ကွင်းအတွင်းမှ ထွက်ခွာခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို ထူးချွန်ထက်မြတ်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၁၅)နှစ်အောက် အသင်း(၁၇)သင်း၊ အသက်(၁၅)နှစ်အထက် (၂၂)သင်း စုစုပေါင်း(၃၉)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ (၁၂)ရက်နေ့အထိ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်သူမြတ် ထံမှသိရသည်။


ကမ်းကီး

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)