ပန်းတနော်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့် ဆွေးနွေးဟောပြောပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့် ဆွေးနွေးဟောပြောပွဲ အခမ်းအနားကျင်းပ




ပန်းတနော်၊ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့် အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တော်၌ သိပ္ပံတွဲနှင့် ဝိပ္ပံတွဲဘာသာရပ်များအားလည်းကောင်း၊ လေးထပ်ကျောင်းတိုက်ဓမ္မာရုံ၌ ဝိဇ္ဇာတွဲဘာသာရပ်များအားလည်းကောင်း သင်ကြားပို့ချသည့် အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းကနှင့် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ငွေဌေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ ဘာသာရပ်အလိုက် သင်ကြားပို့ချမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်ချက်ဖြင့် မအူပင်တက္ကသိုလ် သတ္တဗေဒပါမောက္ခ(ဌာနမှူး) ဒေါက်တာစန်းစန်းရီနှင့် ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးတို့ ပူးပေါင်း၍ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 12 ကျောင်းသား၊ ကျောင်းသူ (၁၀၉၄)ဦးအား ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကဆရာကြီး၊ ဆရာမကြီးများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုး၊ အတွင်းရေးမှူး ရဲမှူးအေးမင်းနှင့် အဖွဲ့ဝင်များ၊ မအူပင်တက္ကသိုလ်မှ ပါမောက္ခ ဆရာ၊ ဆရာမများနှင့် Grade 12 သင်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)