အုတ်တွင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး ဖမ်းဆီး


နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၈

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမြန်လမ်းမကြီးတစ်လျှောက် လှည့်ကင်းဆောင်ရွက်နေစဉ် အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၈ မိုင် ၁ ဖာလုံအနီးအရောက် အုတ်တွင်း-ပေါက်ခေါင်းကားလမ်းအတိုင်း အုတ်တွင်းဘက်မှ ဗောဓိကုန်းကျေးရွာဘက်သို့ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၂)ရပ်ကွက်နေ စိုးဉာဏ်လင်း (၃၉)နှစ်မောင်းနှင်လာသည့် YGN 2L/xxxx Honda Fit ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသောကြောင့် စိုးဉာဏ်လင်း အား ဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်း (ပ)၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ- ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)