ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း (အပိုင်း ၅) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း (အပိုင်း ၅)


ကနေ့ခေတ်မှာတောင် English ဘာသာနဲ့ ရေးပြီး Buddhism အမည်တပ်ထားတဲ့ စာအုပ် တော်တော် များများဟာ ကိုယ့်အယူဝါဒတွေ ထင်မြင်ယူဆချက်တွေ ရောပြီး ရေးထားတာတွေ့ရတယ်။ မြတ်စွာဘုရားရဲ့ အာဘော်မဟုတ်ဘဲနဲ့ ကိုယ်ထင်ရာ မြင်ရာတွေကို ဘုရားဟောအဖြစ် ရေးထားတာတွေ အများကြီးပဲရှိတယ်။ ခေါင်းစဉ် တပ်တာကတော့ Buddhism ပဲ။

အေး ဒါ့ကြောင့်မို့ စာအုပ်ထဲ ပါတယ်ဆိုပြီးတော့ အကုန်လုံး စာအုပ်ထဲက ပါတဲ့အတိုင်း မှန်တယ်လို့ မှတ်ယူလို့ မရဘူးတဲ့။ မြတ်စွာဘုရားက အမှန်တရားကို အဲဒါမျိုးနဲ့ ရှာလို့ မရဘူးတဲ့။


မာ တက္ကဟေတု

၅၊ မာ တက္ကဟေတု = လောကမှာ အမှန်တရားကို ရှာတဲ့နည်း တစ်နည်းရှိသေးတယ်။ logic လို့ ခေါ် တယ်။ အဲဒီ logic ဆိုတဲ့ နည်းနဲ့ရော အမှန်တရားကို ရှာလို့ရမလားဆိုတော့ ရှာလို့ မရဘူးတဲ့။ logic ဆိုတာ ကျိုးကြောင်း ဆင်ခြင်တဲ့နည်း၊ အဲဒီနည်းစနစ်နဲ့ရှာရင် မှန်တဲ့အခါ မှန်တယ်၊ မမှန်တဲ့အခါ မမှန်ဘူး။

ကျိုးကြောင်း ဆင်ခြင်တယ်ဆိုတာ ဥပမာ− လူဟာ သေမျိုးဖြစ်တယ်။ ဦးဘ ဟာ လူဖြစ်တယ်။ ဒါကြောင့် ဦးဘဟာ သေမျိုးဖြစ်တယ်။ ဒီအချက်တော့ မှန်တယ်။ အခြားတစ်နည်းမှာ အဖြူရောင် ရှိတဲ့ ငှက်တစ်ကောင်ကို ကြည့်ပြီး ငှက်ဟာ ဖြူတယ်။ ကျီးဟာ ငှက်ဖြစ်တယ်။ ဒါ့ကြောင့် ကျီးဟာဖြူတယ်လို့ဆိုရင် မမှန်ပြန်ဘူး။ အဲဒီလို logic နည်းနဲ့ ဆင်ခြင်တိုင်းတာလို့လည်း အမှန်တရားဆိုတာ မတွေ့နိုင်ဘူး။


မာ နယဟေတု

၆၊ မာ နယဟေတု = ရှာဖွေတဲ့နည်းလမ်းတစ်ခု အသုံးပြုပြီးတော့လည်း အမှန်တရားကို ရှာလို့ မရဘူး တဲ့။ အကျိုးကိုကြည့်ပြီး အကြောင်းကို ဖေါ်ထုတ်တဲ့ နည်း၊ အကြောင်းကို ကြည့်ပြီး အကျိုးကို ဖေါ်ထုတ်တဲ့နည်းကို အနုမာန inference'လို့ ခေါ်တယ်။ အနုမာန ဆိုတာ မှန်းဆပြီးတော့ကြည့်တာ။ အဲဒီ “inference ဆိုတဲ့ အရာဟာ အမှန်တရားကို ရှာတဲ့အခါမှာ လုံ လောက်တဲ့ ဆုံးဖြတ်ချက်ကို မပေးနိုင်ပါဘူး။ မြတ်စွာ ဘုရားက လောကမှာ အမှန်တရားဆိုပြီး လူတွေလက်ခံ နေကြတာဟာ ဒါတွေပေါ်မှာ အခြေပြု နေကြတယ်တဲ့။


မာ အာကာရပရိဝိတက္ကေန

၇၊ မာ အာကာရပရိဝိတက္ကေန= အခြေအနေ အရပ်ရပ် သုံးသပ် ဆင်ခြင်တဲ့နည်း၊ အကြောင်းတရား ရှာတဲ့နည်း “reasoningနဲ့လည်း အမှန်တရားကို ရှာလို့ မရဘူးတဲ့။ အဲဒါကလည်း လွဲတဲ့အခါ လွဲသွားနိုင်တယ်။ ဒါကြောင့် သေချာတဲ့အရာ မဟုတ်ဘူး။


မာ ဒိဋ္ဌိနိဇ္ဈနက္ခန္တိယာ

၈၊ မာ ဒိဋ္ဌိနိဇ္ဈနက္ခန္တိယာ=ကိုယ့်အကြိုက်နဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း အမှန်တရားကို မရှာနဲ့တဲ့။

လူတွေက အမှန်တရားကို ရှာတဲ့အခါမှာ ဘာနဲ့ ရှာလေ့ ရှိသလဲဆိုရင် ကိုယ့်အကြိုက်နဲ့ ကိုက်ညီမှုကို အခြေပြုတဲ့ နည်းနဲ့ ရှာတတ်ကြတယ်။ ကိုယ်က အမျိုးမျိုးတွေးခေါ် ပြီးတော့ ကြိုက်နှစ်သက်လို့ ယူထားတဲ့ အယူဝါဒနဲ့ ကိုက်ညီလို့ရှိရင် လက်ခံကြတယ်။ ဒါဟာ ငါကြိုက်တဲ့ အယူဝါဒနဲ့ ကိုက်ညီတယ်၊ ငါ့ ထင်တဲ့အတိုင်း ဟုတ်နေ ပြီဆိုပြီးတော့ ကိုယ့်အမြင်လေးနဲ့ မှန်လို့ရှိရင်လည်း အမှန်တရားလို့ လက်ခံကြတယ်။ အဲဒီ နည်းဟာလည်းပဲ စိတ်ချရတဲ့ အရာတစ်ခု မဟုတ်ဘူး။


မာ ဘဗ္ဗရူပတာယ

နောက်တစ်ခုက ၉၊ မာ ဘဗ္ဗရူပတာယ = မှတ်သား ထိုက်တဲ့အရာ ဆိုရုံနဲ့လည်း အမှန်တရားကို မရှာနဲ့။ လူတွေက အမှန်တရားကို ရှာတဲ့အခါမှာ ဒါလေးက တော့ မှတ်ထိုက်တယ်၊ ဟုတ်တယ်၊ ယုတ္တိရှိတယ် ဆိုတာလေးနဲ့ အမှန်တရားကို လက်ခံကြတယ်။


ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

#MNP #News 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)