ဖေဖော်ဝါရီ - ၈ ( စနေနေ့)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် ဆက်ဆံရေး ပြန်လည်ထူထောင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းတို့၏ အတိတ်ဆက်ဆံရေးကို မီးမောင်းထိုးပြကာ သံတမန်ဆက်ဆံရေး၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့် က သတင်းထောက်တွေကို “ကျွန်တော်တို့ မြောက်ကိုရီးယားနဲ့ ကင်ဂျုံအန် နဲ့ ဆက်ဆံရေးရှိလာမှာပါ” လို့ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
ထရမ့် နှင့် ကင်မ် တို့ရဲ့ ယခင်အပြန်အလှန်ဆက်ဆံမှုများအပေါ် ပြန်လည်သုံးသပ်ပြီး “ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျနော်နဲ့ သူနဲ့က အရမ်းအဆင်ပြေပါတယ်။ စစ်ပွဲကို ရပ်လိုက်လို့ရပြီထင်တယ်”လို့ ဆိုပါတယ်။ သူ့ရဲ့ ၂၀၁၆ ရွေးကောက်ပွဲ အနိုင်ရရှိမှုက ပဋိပက္ခများကို တားဆီးရန် အထောက်အကူဖြစ်စေတယ်လို့ အကြံပြုပြောကြားခဲ့ပြီး “ဒီရွေးကောက်ပွဲမှာ ကျနော်အနိုင်မရခဲ့ရင်တော့ အခြေအနေဆိုးကြီးနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
ကင်နှင့် ထိတွေ့ဆက်ဆံနိုင်မှုသည် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် အကျိုးရှိစေနိုင်တယ်လို့ ထရမ့်က အလေးပေးပြောကြားခဲ့ပါတယ်။ “သူနဲ့ လိုက်ဖက်တဲ့ လူတိုင်းအတွက် အရမ်းကြီးမားတဲ့ ပိုင်ဆိုင်မှုတစ်ခု ရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆိုလိုတာက ကျနော်က သူနဲ့ ပေါင်းသင်းဆက်ဆံတယ်၊ သူက ကျနော်နဲ့ လိုက်လျောညီထွေဖြစ်တယ်။ အဲဒါက ကောင်းတဲ့ကိစ္စလေ၊ ဆိုးတဲ့ကိစ္စမှ မဟုတ်တာ” လို့ ဆိုပါတယ်။
“ဂျပန်က မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ကောင်းကောင်းမရှိဘူး၊ အဲ့တော့ စိုးရိမ်မှုတွေက မြင့်တက်နေရတယ်။ ကျနော်က မြောက်ကိုရီးယားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ထောင်ချင်တယ်။ မြောက်ကိုရီးယား ကလည်း အခြား နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်လာရင် ဒါက ကမ္ဘာကြီးအတွက် ကြီးမားတဲ့ကံကောင်းခြင်းတွေ ယူဆောင်လာတာပဲ မဟုတ်လား” လို့ ပြောသွားပါတယ်။
ထရန့်၏ မြောက်ကိုရီးယားသို့ သံတမန်ရေးရာ ချဉ်းကပ်မှုသည် ၎င်း၏ ပထမသက်တမ်းအတွင်း အမေရိကန် နိုင်ငံခြားရေးမူဝါဒတွင် သိသိသာသာ ပြောင်းလဲသွားသည်ကို အမှတ်အသားပြုခဲ့ပါတယ်။ ၂၀၁၇ တွင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား ရည်မှန်းချက်ကို ဆက်လက်လုပ်ဆောင်ပါက ကင်ဂျုံအွန်အား ဒုံးပျံလူသားဟု ထရမ့်က ရည်ညွှန်းကာ ခြိမ်းခြောက်မှုအတွင်း တင်းမာမှုများ မြင့်တက်လာပြီးနောက် ခေါင်းဆောင်နှစ်ဦးသည် နောက်ပိုင်းတွင် မကြုံစဖူးသော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။
၂၀၁၈မှာ ထရမ့်နဲ့ကင်မ်တို့ အကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် စင်္ကာပူတွင် တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် တိကျသောအချက်များ မရခဲ့သော်လည်း နျူကလီးယားကင်းစင်ရေးဆိုင်ရာ ကျယ်ပြန့်သော သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ပါတယ်။ ပိတ်ဆို့အရေးယူမှုများ သက်သာခွင့်နှင့် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အပေါ် သဘောထားကွဲလွဲမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ဟနွိုင်း၌ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး လုပ်ခဲ့ရပါတယ်။ ထိုနှစ်နှောင်းပိုင်းတွင် ထရမ့်သည် မြောက်ကိုရီးယားသို့ ခြေချခဲ့သည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီး စစ်မဲ့ဇုန် (DMZ) တွင် ကင်ဂျုံအန်နှင့် ခေတ္တတွေ့ဆုံခဲ့ပါတယ်။
REF - RT
#MNP #News #International
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment