မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ နွေစပါး(အောင်နိုင်တိုး) တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြ ကွက်အောင်မြင်ဖြစ်ထွန်းနေမှုကြည့်ရှု့အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ နွေစပါး(အောင်နိုင်တိုး) တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြ ကွက်အောင်မြင်ဖြစ်ထွန်းနေမှုကြည့်ရှု့အားပေး






ပေါင်၊ ဖေဖော်ဝါရီ  ၁၇

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ နွေစပါး(အောင်နိုင်တိုး) တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြ ကွက်အောင်မြင်ဖြစ်ထွန်းနေမှုကိုယနေ နံနက်ပိုင်း က ကြည့်ရှု့အားပေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ  တောင်သူ ဦးဟန်ဝင်းအောင်၏ကွင်းအမှတ်-၇၆၂၊ဦးပိုင်အမှတ်၃၀/၂၌ နွေစပါး(အောင်နိုင်တိုး)တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြကွက်တွင်နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံရာ ဦးစွာ ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက ၂၀၂၄-၂၀၂၅ခုနှစ် နွေစပါး၊ဆောင်းသီးနှံ နှင့်ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအခြေအနေကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကတောင်သူများအနေဖြင့်နွေစပါးအပြင် စိုက်ပျိုးရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် မိမိတို့၏ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း၊ ရွာတန်းရှည်ကွင်းတွင်တစ်နှစ်သုံးသီးစိုက်ပျိုးနိင်ရေးအတွက် ဆိုလာရေတင်စနစ်များအပြင် လိုအပ်သောသွင်းအားစုများကို ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တောင်သူများအနေဖြင့် မြေလွတ်၊ မြေလပ်မကျန်ရအောင် ရေ မြေ ဒေသနှင့် ကိုက်ညီသည့် နွေစပါးအပါအဝင် နေကြာ၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံတို့ကို နည်းစနစ်မှန်စွာဖြင့် တိုးချဲ့ စိုက်ပျိုးဆောင်ရွက် ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက်  ဒေသခံတောင်သူများက စက်သုံးဒီဇယ်ဆီ လွယ်ကူစွာဝယ်ယူရရှိရေး၊ ရေထိန်းတံခါးများအချိန်မီ ဖွင့်/ပိတ်ပေးစေလိုမှု၊  အခြေအနေများကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်နွေစပါးစံပြကွက်အတွင်း အောင်မြင်ဖြစ်ထွန်းနေမှု၊ ဆိုလာရေတင်စနစ်ဖြင့် ရေတင်သွင်းဆောင်ရွက်နေမှုတို့အား လှည်လည်ကြည့်ရှု့ခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မွန်မလေး 

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)