စစ်ကိုင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်






စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မှစတင်၍ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ပြည်သူတစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် လူဦးရေ(၂၄၈၂) ဦးအတွက် ငွေကျပ် (၄၉၆၄၀၀၀၀) ကို စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကိုင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူ (၆၀၀၀၀) ကျော်ရှိရာ ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ပြည်သူ(၂၄၈၂)ဦးတို့အား ထောက်ပံ့ငွေကျပ် (၄၉၆၄၀၀၀၀) ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆက်လက်ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဇော်မြင့်နိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)